(၄)

44.8K 2.4K 259
                                    

"ဟိုတစ်ယောက်က........."

"အဆင်ပြေပါတယ် ဘောစ့် သူရ ကူညီပေးထားတယ် ပြီးတော့ ဘာသံသယမှ ရှိပုံ မပေါ်ပါဘူး"

"အဟင်း! ငါဘာမေးမိ လို့လဲ "

စစ်သွေး ချောင်းဟန့်ရင်း အာကာ့ကိုပြောလိုက်သည်။ MAC book ဆီအကြည့်ပြန်ရောက်သွားသည့် သူအား အာကာ အသေအချာကို ကားနောက်မှန်က မြင်လိုက်သား စျာန်သစ် ကိစ္စ ကို ရှေ့တစ်ပတ်လောက်ကတည်းက ဘော့စ် မှာစိုးရိမ်ပူပန်နေတာ ရှေ့ကပေါ်တင် Sugar daddy သွားလုပ်ပြီး ဝုန်းဒိုင်းဆို အပိုင်သိမ်းပစ်လို့ရရဲ့ သားနဲ့ နောက်ကွယ်က နေ တောက်လျှောက်လိုက်ပေးနေတာ

အမြဲ စိတ်မရှည်တတ်သည့် ဘော့စ် က အခုမှ စောင့်ဆိုင်းခြင်း အကျိုးကို မျှော်နေသယောင်

"အာကာ "

"ဟုတ်ကဲ့ ဘောစ့် စျာန်သစ် အခုကျူရှင်ချိန်ဝင်နေလောက်ပါပြီ"

"ဒီကောင်ကွာ.....  ဟေ့ကောင်! မင်း..... ငါ့ကို မျက်နှာပြောင်နေတာလား "

"ဘောစ့် သိချင်မယ် ထင်လို့ပါ"

"လျှာကိုက ရှည်တာ အခု ငါပြောမှာ နားထောင် ဦးရဲခေါင်ဟိန်းဆီက ဟိုတစ်ယောက် အတွက် ကျောင်းပြန်တတ်နိုင်ဖို့ တစ်နည်းနည်း နဲ့  ခွင့်ပြုပေးအောင် စီစဥ် ကြည့် နောက်ကွယ်မှာ ငါက ဟိုတစ်ယောက်ကိစ္စ လိုက်ပေးနေတယ်ဆိုတာ သိလို့မဖြစ်ဘူး သိလည်း‌ောက်ဂရုစိုက်မှာ မဟုတ်ပေမဲ့  "

"နားလည်ပါပြီ ဘော့စ် "

"အခုအိမ်ပဲ မောင်း"

"ဘယ်အိမ်လဲ ဘောစ့်"

"ငါ့လက်သီးကို မင်းလွမ်းနေတယ်ထင်တယ်!"

စစ်သွေးက ပြတင်းပေါက် အပြင်အားကြည့်ရင်းပြောလိုက်သည်။တခွီခွီ ရယ်သံကိုစစ်သွေး လျစ်လျူရှု လိုက်သည်။အာကာဆိုတဲ့ ကောင်ကဒီအတိုင်းပဲ  အလုပ်ချိန်မဟုတ်ရင် ကိုယ့်ကို နောက်တိနောက်တောက်နှင့် မလေးမစားပြုမူတာ မျိုးတော့မဟုတ် ဒါကလည်း ဟိုတစ်ယောက်ကြောင့် ဖြစ်ရတာ အမြဲ သူ့ကို ပူပန်ပေးနေရတာ မောတယ်။ဒီလောက်ရိုးအတဲ့ကမ္ဘာမှာရှိသေးတာလား။ကမ္ဘာပေါ်မှာ လူဆိုးလူကောင်းဆိုပြီး မရှိပေမဲ့ ဟိုတစ်ယောက်ကတော့ခြွင်းချက်ပင်ဖြစ်သည်။သူ့ကြောင့် စိတ်မောရတယ် ဘာမှန်းမသိတဲ့  ဒေါက်တာငတုံး

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now