(၉)

33K 1.7K 127
                                    

Zawgyi + Unicode

စျာန်စိတ်တိုလာသည်။ဒေါသကထွက်လာသည် နှင့်အမျှ တံခါးကို တဒုန်းဒုန်းနဲ့ ထုရိုက်ပြစ်သည်။အချိန်တော်တော်ကြာသည်နှင့် ဘယ်သူကမှတံခါးလာမဖွင့်ပေးခဲ့ပါ။

ကျွီ....!

"ဟင် ကိုသူရ"

"စျာန်သစ် ငါတောင်းပန်ပါတယ် မင်းဆက်ပြီထုနေရင် ငါမင်းကိုကြိုးတုပ်ထားရလိမ့်မယ်"

"ဟင်! ကိုသူရ က သူလုပ်နေတာ မှန်တယ်ထင်လို့လား ကျွန်တော့်ကို ဖမ်းထားကြတာလားဟင် ....ကျွန်တော့်မှာ....ဘာမိသားစု ဘာအသိုင်းအဝိုင်း မှမရှိဘူး.....ကျွန်တော့်မှာ ပိုက်ဆံလည်းမရှိပါဘူးဗျ"

စျာန်သစ် ကိုသူရကို ပြောလိုက်သည်။စိတ်ရှုပ်လွန်းလို့ သူ့ခေါင်းကို ပွတ်သပ်မိလဲဘယ်နှကြိမ်မှန်းမသိဘူး

"မဟုတ်ပါဘူး စျာန်သစ် ဘော့စ် ကလေ ဟို...."

စျာန် သူရပြောမှာကို တကယ်သိချင်နေပြီ။ကိုစစ်ကဘာလဲ အရူးလား၊ပြန်ပေးသမားလား ၊လူတွေမှောင်ခိုကူးတဲ့သူလား ဒါမှမဟုတ် စိတ္တဇ လူသတ်သမားများလား

"ဘော့စ် ကမင်းကိုသဘောကျနေတာ"

"သဘောကျတယ် သဘောကျတာနဲ့ပဲ ဖမ်းထားဖို့လိုလို့လား"

"မဟုတ်ဘူး မင်းကို ချစ်နေတာ"

"ကျွန်တော် ယောက်ျားချင်းစိတ်မဝင်စားဘူးဗျ ကိုသူရ ကျွန်တော့်လက်က ကြိုးကိုဖြေပေးပါ ကျွန်တော့်ကို ကူညီပါ ကျေးဇူး ပြုပြီး"

"တောင်းပန်ပါတယ်"

သူရကို အိတ်ကပ်ထဲက ပုဝါတစ်ခုကို ထုတ်လိုက်ပြီး စျာန့်ရဲ့ မျက်နှာကို အုပ်ပစ်လိုက်သည်။ပျော့ခွေကျသွားတဲ့ စျာန့်ကို ပုခုံးပေါ်တင်ပြီး ခုတင်ပေါ်၌ ပစ်ချလိုက်သည်။လက်က Necktie ကြိုးကို ဖြေရတာ သူရပါချွေးကျသည်။ဘယ်လိုတွေတောင် ချည်ထားသလဲ ။

ဘောစ့် ပေးလိုက်သည့် လက်ထိပ်နဲ့ စျာန့်လက်တွေကို ခတ်လိုက်ပြီး ခုတင် ခေါင်းရင်းတိုင်နဲ့ တွဲထားလိုက်သည်။ခြေထောက်နှစ်ချောင်းကို လည်း လက်ထိပ်နဲ့ ပဲ ‌ ေခြရင်းတိုင်မှာ တွဲ ခတ်လိုက်သည်။သူရ စျာန့်ကို ကြည့်ပြီး အားနာ သလိုရှိပေမဲ့ Boss ကို မလွန်ဆန်ချင်။ပြဲနေတဲ့ အင်္ကျီကို တွေ့ကတည်းက ဘော့စ် စျာန့်ကို ဘယ်လိုတန်ဖိုးထားကြောင်းသူသိသည်။ ဒီအခြေအနေထိ စကားများရန်ဖြစ်တာတောင် ဘောစ့် ကစျာန့်ကို ရိုက်နှက်သွားတာမရှိသလို အနိုင်ကျင့်စော်ကားသွားတာလည်းမရှိ။အိမ်ရှေ့ကို ထွက်လာပြီး Cigarette တွေ တလိပ်ပြီး တစ်လိပ်သောက်ရင်း စိတ်လျှော့နေတာ။

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now