(၁၇)

29.4K 1.5K 39
                                    

အာကာ တစ်နေကုန် အိပ်ယာထဲမှာ လှဲနေခဲ့သည်။ဘောင်းဘီ အနက်ရောင် အရှည်ကို ဝတ်ထားပြီး Hoodies  အနက်ရောင်ကို လည်း ဝတ်ဆင်ထားသည်။စောင်တွေကြားမှာလုံးထွေးပြီး သူ့ခေါင်းထဲမှာတော့ ထွေရာလေးပါး တွေးနေတော့သည်။

"ကိုအာကာ ကျွန်တော်ညစာဝယ်လာတယ်"

"မင်း ပြန်တောင်လာပြီပဲ "

"ဟုတ်တယ် ကိုအာကာ နေလို့သက်သာလား"

သူရ အမေးကို ကျွန်‌ေတာ်ခေါင်းခါပြလိုက်သည်။စိတ်ထဲမှာ အခုထက်ထိပင် မတင်မကျဖြစ်ကာ နေတာကြောင့် စိတ်တစ်ခုလုံးထိုင်းမှိုင်းနေတော့သည်။

"ကျွန်တော် ရေချိုးပြီးသွားရင် ညစာ အတူစားကြမယ်နော် "

"အင်း"

အာကာ ခဏလှဲနေရာမှ ထထိုင်လိုက်ပြီ သူရကညစာ ဝယ်လာတော့ သူလည်းသူလည်း စားဖို့အဆင်သင့်ပြင်ပေးထားရန် ထမင်းစားခန်းထဲကို ဝင်လာခဲ့သည်။ပြင်ဆင်ပြီးပြီ ဖြစ်တဲ့ ထမင်းနဲ့ အတူ အုပ်စောင်းကလေးကိုကြည့်ပြီး စိတ်ထဲ အမျိုးအမည်မသိတဲ့ ခံစားချက်လေးတစ်ခု ခံစားလိုက်ရသည်။

ထိုထမင်းစားစားပွဲ မှာ ပဲ ထိုင်စောင့်နေတုန်း သူရက ထွက်လာပြီး အုပ်စောင်းကို ဖယ်လိုက်သည်။ရေချိုးပြီးခါစ မို့ ရှင်းသန့်နေတဲ့ အသွင်အပြင်နဲ့ အတူ မုတ်ဆိတ်တွေ ရိတ်ထားဟန် ပေါ်သည့် မျက်နှာကပိုလို့သန့်ပြန့်နေသယောင်

အင်္ကျီ အစိမ်းကွက်နှင့် ထူးထူးခြားခြား ဒီနေ့မှ ပုဆိုးကို အဘိုးကြီး အကွက်အကြဲ အပြာနု ရောင်ကို ဝတ်ဆင်ထားသေးသည်။ဟိုနေ့ကဆိုးလာသည့် ဆံပင်အဖြူ ရောင်နဲ့တောင် ရုပ်က စတိုင်ကျနေဆဲပင်ဖြစ်သည်။

"ကို အာကာကြိုက်ပါ့မလား ကြက်ချဥ်စက်နဲ့ မန်ကျီးသီးအစပ်ထောင်းဝယ်လာတာ အရည်သောက်က ပဲကုလားဟင်း နဲ့ ဟိုတို့စရာမျစ်ချဥ်လေးလည်းပါတယ်"

"ချီးပန်းပြီး မသာတွေပေါ်ကုန်တော့မှာ"

"ဗျာ.....ကိုအာကာကလည်း ဟား....အဲ့လောက် လည်းမဖြစ်လောက်ပါဘူး "

"မရယ်နဲ့ "

မျက်စောင်းလေးထိုးကာပြောလာသူကြောင့် သူရ အသာလေးငြိမ်လိုက်သည်။

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )حيث تعيش القصص. اكتشف الآن