(၂၂)

26.9K 1.2K 72
                                    

အာကာသက်သာပြီး ဆေးရုံကပြန်ဆင်းလို့ရပြီဖြစ်သည်။ဒဏ်ရာ အကျက်မြန်ပြီး အကောင်းပကတိ အတိုင်းတော့ ပြန်မဖြစ်သေးပေ။နေနော်ဇန် လွတ်နေတာကြောင့် စစ်သွေးက အာကာနဲ့ သူရအပါ ဝဏ္ဏနဲ့ အိုက်ကန်ကို ပါ အိမ်တော်မှာပဲနေပြီးစျာန်ကို အဖော်ပြုစေသည်။ စစ်သွေးက တော့ သူ့လူတွေနဲ့ နေနော်ဇန် ကို လိုက်ရှာနေကြဆဲဖြစ်သည်။

" ကျွန်တော် အဖြေလွှာအတွက် တကယ်ရင်ခုန်နေတယ် "

"အောင်မှာပါ စျာန်ရဲ့ မင်းကတော်တာပဲကို "

ကိုအာကာ့ အားပေးစကားကြောင့် စျာန်ငိုမဲ့မဲ့လေးလုပ်ပြမိသည်။ အခြေအနေကမောက်ကမတွေကြောင့် ဗရမ်းဗဒါတွေဖြစ်ခဲ့ကြတာကြီးကို အောင်မှာပါ ။

ဧည့်ခန်းက Sofa ပေါ် လေးယောက်သား ပက်လက်ပင် ရုပ်ရှင် ကြည့်ရင်း ဆေးရုံခန်းပါလာတာကြောင့် စျာန်က စကားစလိုက်ခြင်းပင်ဖြစ်သည်။ အာကာကသာ စကားပြန် ပြောသည်။သူရတို့ သုံးယောက်ကအေးဆေး စျာန်ဝင်နေကြပုံ

"အလုပ်ကိုလွမ်းလာပြီ"

" သူရ စားလေ"

ကန်ရဲ့ အသံကြောင့် စျာန်သစ်လှည့်ကြည့်လိုက်သည်။စားပွဲပေါ်က ပန်းသီးစိတ်ကိုယူပြီးကိုသူရဆီကမ်းပေးနေခြင်းဖြစ်သည်။ကိုသူရကယူပြီး စားတော့ အပြုံးနုနုလေး ပြုံးသည်ကိုမြင်လိုက်ရတာမို့ စျာန်မျက်လုံးပြူးသွားရသည်။ဘေးနားsofa ပေါ်က ကိုအာကာကလည်းချက်ချင်းဆိုသလို ထပြီး အပေါ်ထပ်သို့တတ်တော့ ဒါကိုမြင်လိုက်သည့် ကိုသူရအသည်းအသန် ပြေးလိုက်သွားတော့သည်။

"ကိုအာကာ ..... ဘာဖြစ်လို့လဲ "

"အိပ်မလို့ ထွက်အခန်းထဲက"

"ပန်းသီးလေးစားတာ စိတ်မဆိုးနဲ့လေ ကျွန်တော်သိပါတယ် အကိုစိတ်ဆိုးသွားတယ်ဆိုတာကို"

"ဘေးဖယ် မထိနဲ့ငါ့အသား"

"သဝန်တိုနေတာလား"

"သဝန်တိုစရာလားကွ ! အခုက မမြင်ချင်လို့ အပေါ်တတ်လာတာ မင်းကိုယ် မင်းမှန်တယ်ထင်နေတာလား မင်းကငါ့ဆီက အဖြေတောင်းပြီး ထိုင်းကောင်နဲ့ အီနေတာ ငါနဲ့ဘာမှမဆိုင်ဘူး အီရုံ မကလို တူတူပဲ အိပ်အိပ် အခုငါ့အခန်းထဲက ထွက်"

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now