Zawgyi + Unicode
"စျာန်သစ် ရေ အရေးပေါ် "
"ဟုတ်ကဲ့ မနု "
စျာန်သစ်သောက်နေတဲ့ ရေတောင် မြိုမကျ ရေဘူးကို စားပွဲပေါ်ပြန်ချပြီး ပြေးလာရသည်။လူနာက အူအတတ်ပေါက်တာ ဖြစ်သည်။ ခွဲစိတ်ခန်း အလျှင်အမြန်ပို့ပြီး မနုကတော့ ခွဲစိတ်ဖို့လိုတဲ့ ထောက်ခံချက်တွေကို အုပ်ထိန်းသူတွေ ဆီတောင်းရသည်။ပြီးတော့ ဆေးရုံအုပ်ဆီက ခွင့်ပြုချက်နဲ့အတူ လူနာကို ခွဲစိတ်ခန်းအတွင်းနေရာချလိုက်သည်။ အလုပ်သင်ဖြစ်တဲ့ စျာန်သစ်နဲ့ပန်းနု အတွက် တော့ ပထမဆုံး ခွဲစိတ်ခန်းထဲ လိုက်ရတာဖြစ်တာေကြာင့်သူအနည်းငယ်စိုးရိမ်နေရသည်။ကလေးမ ကို မေ့ဆေးပေးပြီး စတင်ခွဲစိတ်ချိန်ရောက်လာတော့သည်။သူစာအုပ်နဲ့ဘောပင်အား လက်ကမချ မနားလိုက်မှတ်နေခဲ့သည်။ဆရာက ခွဲစိတ်နေတုန်း တစ်ခုပြီး တစ်ခုရှင်းပြသည်။မေးသည် စျာန်သစ်နဲ့ ပန်းနုကတော့အပြိုင်အဆိုင်ဖြေသံတွေညံလို့။ တခြား အလုပ်သင်ဆရာဝန်တွေလည်း ရှိသေးသည်။
"စိတ်ငြိမ်ငြိမ်ထားပါ ဆရာတို့အားလုံး ready ဖြစ်ပါပြီ"
"ဟုတ်ကဲ့ ဓား..."
စျာန်သစ်ကလိုအပ်တာတွေကို လိုက်မှတ်နေသည်။ဘေးနားက တစ်ခုချင်းဆီ သေချာစနစ်ကျစွာ ယူပေးနေတဲ့ မသီက ကြည့်လိုက်မိသေးသည်။ကလေးမလေးက အသက် ၁၆နှစ်သာ ရှိသေးသည်။နာကျင်မှုကိုအံတုနိုင်ပါ့မလား။ဝမ်းဗိုက်ညာဘက်ထောင့်ကို တစ်လက်မခွဲလောက်အရာပေးပြီး ရောဂါပိုးတွေ ဆက်မပျံ့အောင် သန့်ရှင်းရသည်။အူ အတတ်အား ဖြတ်ထုတ်ပြီး ဝမ်းဗိုက်အား အလျှင်အမြန် ပြန်ချုပ်လိုက်သည်။နာရီဝက်လောက်ကြာသွားပေမဲ့ ခွဲစိတ်မှု ကအောင်မြင်ခဲ့သည်။ကလေးမလေးကို အထူးခန်းထဲ ထည့်ပြီး မေ့ဆေးပြယ်တဲ့အချိန် နာကျင်တာတွေ ရှိမရှိ စောင့်ကြည့်ပေးရသည်။မနုနဲ့ မသီ ကထိုကလေးမလေး ဆီ၌ ကျန်ခဲ့သည်။
စျာန်သစ်တို့တွေ ဆရာ့နောက်လိုက်လာပြီးဘေစင်မှာ အကြာကြီး မတ်တပ်ရပ်ကာ သူတို့ကို တစ်ဆင့်ချင်းပြန်ရှင်းပြပေးနေတာကြောင့် မလွတ်တမ်းလိုက်ရေးမှတ်လျှက် သူ့ကြောင့် လူတစ်ယောက်သေခဲ့သည် က တကယ်မဟုတ်ဘူး သူကလူတွေ အသက််ကို ကယ်တဲ့ ဆရာဝန်တစ်ယောက်ပဲ ဆိုပြီး နှလုံးသွင်းရင်းကြိုးစားချင်စိတ်ကပိုများလာတော့သည်။
YOU ARE READING
ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )
ActionStart date-June/15/2021 End Date-Augu/1/2022 Part-26 part (Complete ) Just still No Extra Author by Akari Myan