(၁၈)

31.7K 1.6K 116
                                    

"ကိုစစ် ဘာစကားကြီးလဲ ဗျ"

"ဟား....ဟား"

ယခင်က ဆံပင်ရှည်နှင့်တုန်းကလည်း ချောလွန်းခန့်လွန်းသလို ယခု တိုတို ကပ်ကပ်လေးနှင့်လည်း ကြည့်ရတာ လူကြီးဆန်နေပြန်သည်။ရယ်လိုက်တိုင် ဂျောလိုင်းတွေ တွန့်သွားသည့် ပါးပြင်ကြီးနှင့် အစွယ်လို သွားရှည်လေး ရှိနေတာက အစခန့်ညားလွန်းပါသည်။ဒီလူကြီးကို သူရင်ခုန်မိနေတာများလား

"ကိုယ်အခု ခဏပြန်လာတာ မင်းထမင်းမစားရသေးဘူးဆိုလို့ လက်စသတ်စရာ အလုပ်လေး ရှိနေသေးလို့ "

"ဟုတ်လား"

စျာန် မျက်နှာလေးက တွေတွေလေး ဖြစ်သွားပြီး ပွေ့ချီခံထားရသည့်အတိုင်းလေး ငြိမ်သက်စွာ အိမ်ထဲသို့ ‌ေရာက်လာခဲ့သည်။ဆိုဖာပေါ် ရောက်တော့ ထိုလူကြီး ကအပေါ်ထပ်သို့ တတ်ဟန်ပြင်သည်။

"နေအုံး ကိုယ်ပုဆိုးသွားယူပေးမယ်"

ဘာလို့လဲ...ဟု မေးဖို့ကြံကာရှိသေး ထိုလူကြီး ကမရှိတော့ တစ်ခဏနေတော့ ရောက်လာပြီး ပုဆိုးကွင်းကိုခေါင်းကစွပ်ကာ ခါးမှာ ချည်ပေးလာသည်။

"ကိုစစ်"

"ဘောင်းဘီက အရမ်းတိုနေတယ် နောက်တစ်ခါ  အတိုတွေမဝတ်နဲ့"

"တစ်ခါတစ်လေ လေးလွတ်လွတ်လပ်လပ်နေမလို့လေ"

"မနေရဘူး ကိုယ်မကြိုက်ဘူး စျာန်  ထမင်းစားကြရအောင်"

ဆူပုတ်ပုတ်ဖြစ်နေသည့် မျက်နှာလေးကြောင့် ထမင်းစားနေရင်းတစ်လျှောက် ဟင်းတွေ ထည့်ခပ်ပေးရင်းသာ

စျာန်လဲ ဘာကြောင့် ကိုစစ်ကို ဆိုးချင်နွဲ့ချင်နေလဲ သူကိုယ်တိုင်မသိ ကိုစစ်လုပ်သမျှ ကို
သဘောကျပေမဲ့ ဆိုးချင်နေဆဲ
ကိုစစ်က သူ့အပေါ် အရာသေးသေးလေးတောင် အညစ်အနွမ်းမခံဘူး ညစ်ပတ်တာတွေပြောနေရင်တောင် တကယ်တမ်း တော့ ပါးကိုတောင် အလိုမတူဘဲ  မနမ်းဘူး

ဒီအရာလေးတွေကိုသဘောကျသည်။ကိုစစ်ဒီညတောင်အလုပ်တွေမအားဘဲ ကျွန်တော် ထမင်းမစားရသေးဘူးဆိုတဲ့ သတင်းစကားလေးကြောင့် အိမ်ကိုပြန်လာပြီး ထမင်းအတူလာစားပေးတာပဲလေ

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now