(၁၅)

30.9K 1.6K 87
                                    

"အခန်းထဲကို ဆွဲခေါ်သွားလိုက်"

စစ်သွေး ပြောလိုက်သည့်အသံက ဟိန်းထွက်သွားသည်မဟုတ် ဒေါသတကြီးမြိုသိပ်ရင်း အမိန့်သံပါပါ နဲ့ ခိုင်းစေတာဖြစ်သည်။အာကာနဲ့ သူရလည်း ချက်ချင်း စျာန်သစ်ကို မရမက ဆွဲခေါ်သွားကြလျှက်

"လမင်း"

"ရှင်..... ရှင် ကိုကို"

"မင်းတွေ့ပြီ မလား ငါဘာလဲ ဆိုတာ"

"ဟုတ် တွေ့ပါတယ် ကိုကို ဘာပဲဖြစ်ဖြစ် ....."

"လူလိုနားလည်ရင် မင်းနိုင်ငံမင်းပြန်တော့"

လမင်းက ကိုကို့ ကိုမှီခိုနေရတဲ့သူလေ လစဥ် ကိုမာန် ထောက်ပံ့နေလို့ ပြီးတော့ ကိုမာန်နဲ့သူနဲ့ က ဒီလိုအလွယ်တကူ ပြီးပြတ်သွားလို့ရတဲ့ ဆက်ဆံရေးမဟုတ်ဘူးလေ

"ကိုမာန် အဖြစ်နဲ့တောင် လမင်း အနားမှာ မရှိပေးနိုင်ဘူးလား"

"စျာန်က ငါ့ဘဝ ဖြစ်နေလို့ ငါမင်းကိုလက်လွှတ်လိုက်ပါရစေ"

"ကိုမာန်သိပါတယ် လမင်း က"

"The Whole က ရှယ်ယာရဲ့ 20% ယူလိုက် ငါအဲ့ company နဲ့ ဖက်စပ် ဆက်မလုပ်ချင်တာနဲ့ ကိစ္စပျက်တာပေါ့ မနက်ဖြန်  မင်းတည်းတဲ့ hotel ဆီကို သူရ လွှတ်လိုက်မယ်"

"လမင်းက ဒီည ဒီမှာတောင်တည်းလို့ မရဘူးပေါ့"

"မရဘူး အခုချက်ချင်း ထွက်သွားတော့"

ဒါဘယ်လို တောင်ဖြစ်သွားရတာလဲ အရင် အရမ်းချစ်ခဲ့ကြတာမလား မဟုတ်ဘူး လမင်းကို သေအောင်ချစ်ခဲ့တာလေ ယောက်ျားတစ်ယောက် ကိုကြိုက်လို့ပါဆိုပြီး သူ့ကို စွန့်ပစ်လိုက်တယ်ပေါ့ တော်တော် မလွယ်ပါလား
ကိုယ့်ကို မချစ်ပါဘူးဆိုရင်တော့ မာနကျခံပြီး ဆက်မနေချင်ပါဘူး အရင်က ထားခဲ့တဲ့ သံယောဇဥ်လေးရှိပေမဲ့ ခါးခါးသီးသီးဖြစ်နေသည့်သူအနားမနေရဲ ပါ။The Whole က 20% တောင်ဆိုတော့ သူဘယ်လောက်ဖြုန်းဖြုန်း အဆင်ပြေနေတာပဲ ဝါသနာပါတဲ့ fashion လောကမှ အကောင်းဆုံး ရှင်သန်နိုင်တယ် မစိုးလွန်းပါဘူး။ဒါပေမဲ့ ကိုမာန်နဲ့နေခဲ့စဥ်က အခိုက်အတန့်တွေ သူမနှမျောမိသည်။ကိုမာန်က ဂရုစိုက်ပြီး သူ့အပေါ်ဆိုနွေးထွေးပေးခဲ့တာလေ

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Dove le storie prendono vita. Scoprilo ora