(Unicode 🌻)
စက်ဘီးက ဘယ်ဘက် ကိုစောင်းပြီး လဲကျသွားတာကြောင့် ဘယ်ဘက်ခြေထောက်က အထိနာလွန်းသည်။တံတောင်ဆစ်နှင့်ထောက်မိတာကြောင့် ပွန်းရှသွားပြီး မိုးရေတွေနဲ့ ကွန်ကရစ်လမ်းမကြီးက စျာန့်အတွက် နာကျည်းဖွယ်အတိ
ဆရာဝန်တစ်ယောက်ပီပီ လိုအပ်တာတွေ အကုန်လုပ် မနက်ဖြန် အဖျားမဝင်အောင် ဆေးတွေသောက် ပြီးတာနဲ့ မနက်ဖြန် ဂျူတီချိန် နေ့လည်မှ၊ စာကတော့ အခုမလုပ်ချင်သေး နေမကောင်းချင်သလိုဖြစ်နေတာ
ကြောင့်ထပ်တလဲလဲ ဖြစ်နေပြီ ဖြစ်သည့် Harry potter ကို အစကနေပြန်ထိုင်ကြည့်ဖို့လုပ်ငန်းစရသည်။အရင်ဆုံး ခေါက်ဆွဲပြုတ် ကိုပန်းကန်ထဲထည့်
ရေဗူးတစ်ဗူးယူကာ ဖန်ခွက်တစ်ခွက်ဖြင့် laptop ကို စားပွဲပေါ်တင်ကာ အသေအချာ နေရာ ယူလိုက်ရသည်။နေရာတကျဖြစ်တာနဲ့ မျက်လုံး အစပ်ထုပ်ကို ရှလူးရှလဲ စားရင်း ဇာတ်ကား ကိုလည်း အကြည့်မပျက်ဟက်ဂရစ် က ဟယ်ရီ ကို သူ့ရဲ့ ဆိုင်ကယ်ပျံကြီးနဲ့ ခေါ်လာသည့် အခန်းကိုရောက်တော့ ခဏရပ်ကာ ကုန်ပြီဖြစ်သည့် ခေါက်ဆွဲပန်ကန် ဘေးသို့တွန်းပို့ကာ ရေခွက်ထဲသို့ရေထည့်ကာ မော့သောက်လိုက်သည်။သူ့အနေနဲ့ ဘယ်လောက်ကြည့်ပါများများ နည်းနည်းလေးပင် အစွန်းအထင်မခံနိုင်ပေ
ဗိုက်တင်းသွားတာကြောင့် အခန်းထဲကို လက်ပ်တော့ ပြန်သယ်လာပြီး အိပ်ယာပေါ်မှောက်လျှက် ဆက်ကြည့်နေခဲ့သည်။တစ်ပိုင်းလောက်ပြီးတော့ ဆေးအရှိန်နဲ့ မျက်လုံးတွေ ဆက်မဖွင့်နိုင်တော့ပေ နှမျော တသ ဖြင့် ပိတ်ကာ သူအိပ်စက်ရတော့သည်။
ပုံမှန်ဆို စျာန့်ရဲ့ အလုံပိတ်အိပ်ခန်းသေးသေးလေးသည် ပူအိုက် တတ်လွန်းပေမဲ့ ဒီနေ့တော့ မိုးအရှိန်နဲ့ နွေးနွေးထွေးထွေးတော့ရှိလှသည်။
နွေးထွေးနေတဲ့ အခန်းအပူချိန်ကြောင့် သူတော်တော်လေး အိပ်မော ကျနေပြီဖြစ်သည်။ညကလည်း စွတ်ကျယ် တစ်ထည်နဲ့ ဘောင်းဘီ အတိုလေးဝတ်ကာ အိပ်နေခဲ့ခြင်း"အိမ်ရှင်တို့.....အိမ်ရှင်ဗျို့...."
ဒေါက်.......ဒေါက်......
ESTÁS LEYENDO
ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )
AcciónStart date-June/15/2021 End Date-Augu/1/2022 Part-26 part (Complete ) Just still No Extra Author by Akari Myan