(Final)

43K 1.3K 94
                                    

အဖြူရောင်တွေနဲ့ ချယ်လှယ်ထားတဲ့ ခမ်းမ ကြီးတစ်ခုလုံးဟာ  အသိမိတ်ဆွေ အပေါင်းအပါတို့ နဲ့ ပြည့်လျှက် အနီရောင်ကော်ဇောပေါ်မှာ အဖြူရောင်ဝတ်ဆင်ထားသည့် နတ်သားလေးတစ်ပါးသည် တစ်ဖက်‌ တစ် ချပ်ကနေ သူ့ဆီကို လှမ်းလို့လာနေသည်။ညအမှောင်လမ်းမပေါ်မှာ ကားပေါ်တတ်လာပြီး လှည့်ကာပြုံးပြလာသည့် ကောင်လေး အနေကတည်းကချစ်ခဲ့ရတာ
ကိုယ့်ဘဝရဲ့ ကမောက်ကမ အခြေအနေကနေ ဒီကောင်လေးကြောင့်ပြုပြင်နိုင်ခဲ့တာ စိတ်လိုက်မာန်မာ လုပ်တတ်တာတွေလည်း ဒီကောင်လေးကပဲပြုပြင်ပေးခဲ့တာ

ကိုယ့်ဘဝရဲ့ အလင်းရောင်လေးဟာ ကိုယ့်ဆီကို လှမ်းလို့လာနေပြီ ပိုင်ဆိုင်ဖို့ နည်းလမ်းအမျိုးမျိုးလည်းသုံးခဲ့ရတယ် ချစ်လာဖို့အမျိုးမျိုးလည်းကြိုးစားခဲ့ရတယ် ဖြူစင်တဲ့ဒီကောင်လေးကို ဘယ်လောက်မြတ်နိုးရလဲ ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးဟာ မင်းပဲဆိုပြီးပြောရင်း ဖက်ငိုမိလောက်အောင် ချစ်ခဲ့ရတာ တိမ်စိုင်တွေထဲ လွှင့်လာတဲ့ အတောင်ပံမရှိသည့် နတ်သူငယ်လေးကို ကြည့်နေရင်း နှုတ်ခမ်းတို့တွန့်ကျိုးကာ ပြုံးဖို့သတိအထပ်ထပ်နဲ့ နေရသည်။ပူတတ်လာတဲ့ ခန္ဓာကိုယ်တစ်လျှောက် ပီတီကြောင့် လား ဝမ်းနည်းစိတ်လားမသိပေမဲ့ မျက်ရည်တို့ကတစ်စက်စက် စီးကျလို့ လာသည်။

"A Thousand Year " သီချင်းကို ထပ်ကာထပ်ကာ ဖွင့်ထားတာကြောင့်  စီးမျှောနေရင်းကို ငိုနေရသည်။မျက်ရည်စီးကျခြင်းကို မပိတ်ပင်မိပါ ဘာကြောင့်လည်းဆို ထိုမျက်ရည်တွေက စျာန်အတွက် ကျလာသည်မို့ ဂုဏ်ယူနေရတာမို့

မင်းနဲ့နီးစပ်ဖို့ ခြေတစ်လှမ်ထပ်တိုးလာခဲ့ပြီးပြီ

" မောင် စစ်သွေးမာန်ဟိန်းသည် မောင်စျာန်သစ်ငြိမ်းကို ခင်ပွန်းအဖြစ်လက်ခံနိုင်ပါသလား"

စျာန့်ရဲ့မျက်ဝန်းလေးတွေစိုက်ကြည့်ရင်း

"လက်ခံနိုင်ပါတယ်"

"မောင်စျာန်သစ်ငြိမ်းကရော မောင်စစ်သွေးမာန်ဟိန်းကို ခင်ပွန်း အဖြစ်လက်ခံနိုင်ပါသလား"

"ဟုတ် လက်ခံနိုင်ပါတယ်"

ဆင်းရဲသည်ဖြစ်စေ

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now