ကိုစစ် မနက်အစောကြီး အိမ်ကအလောတကြီးထထွက်သွားသလို အိမ်မှာ စျာန်တစ်ယောက်တည်းသာကျန်ခဲ့တာဖြစ်သည်။ကိုယ်ဝဏ္ဏကအစ အားလုံးအသည်းအသန် ထွက်သွားကြသည်။စျာန်လိုက်ပါမယ် ဆိုတာကို အိမ်မှာလိမ်လိမ်မာမာနေခဲ့ပါဆိုပြီးချော့ပြောသွားကြလေရဲ့ တကယ်ဆိုရင် စျာန်တစ်ယောက်တည်းမထားခဲ့သင့်ဘူးလေ
အခုကဘာအရေးလဲဆိုတာကိုမသိရ စိတ်ကလည်း ပူထူနေရတာ တကယ်ပါပဲ ကိုစစ်ကို စျာန်ကောက်ပစ်ပါအုံးမည်။ ကိုစစ်ရင်ခွင်ထဲ တစ်ကိုယ်လုံးပြစ်ဝင်ပြီး ရင်ဘက်အား ခပ်ဖွဖွထုရင်းစိတ်ကောက်ပါအုံးမည်။
~~~~~~
ကန်တို့ ေနေနာ်ဇန်ကို ဖမ်းမိပြီဆိုတဲ့သတင်းကြောင့်အကုန် အပြေးလာခဲ့ကြတာဖြစ်သည်။ ကန်က ထိုင်းမှာပဲ Boss ရဲ့အလုပ်တွေကို လုပ်နေရသည်မို့ နေနော်ဇန်ကို မမြင်ဖူးဘူး။ သိပ်တော်တယ်လို့ကြားဖူးသည် သိပ်လည်းချောသည်တဲ့လေ နေနော်ဇန်ကို သူတွေ့ပြီးသည်နှင့်အပြတ်ရှင်းပစ်ရမည်။ဒါမှ ကန်တို့တွေ ဒီလောက ထဲကထွက်ပြီး သာမန်လိုနေထိုင်ကြရတော့မှာ။ရွေးချယ်မိတဲ့ လမ်းတွေဟာ တစ်ခါတစ်ရံ မှားယွင်းခဲ့ကြပေမဲ့ အမှန်ကိုပြင်ဖို့လည်းဆန္ဒရှိသလို နောင်တလည်းမရှိတော့ဘူး။ တစ်ချိန်ကအသိမှောက်ပြီး အချစ်အတွက် လျော်ကြေးအမျိုးမျိုးတောင်း ခံ ခဲ့ပြီးပြီပဲလေ
နေနော်ဇန်ကို အခန်းထဲမှာကြိုးချည်ပြီးဇောက်ထိုး ဆွဲထားတာဖြစ်သည်။ဆံပင်ရှည်တွေ ဖျားလျားကျပြီး သူ့မျက်နှာပြင်တစ်ခုလုံးကို အုပ်ထားသလိုဖြစ်နေလျှက်
ဖြူဖွေးနေသည့်အသားအရည်ကြောင့် ဇောက်ထိုးဆွဲခံထားရတာမို့ လည်ဂုဏ်သားတွေကနီရဲတွတ်နေသည်။ကန်ထိုလူ့ကို အနားထိသွားကြည့်ရင်း ဆံပင်တွေအားစု ကိုင်ပြီး ခေါင်းကိုမော့စေလိုက်သည်။
သတစ်လစ်နေသည်ကြောင့် မလှုပ်မယှက်နဲ့ ပင် တည်ကြည်ဝင်းပနေတဲ့ မျက်နှာလေးကြောင့် ကန်ငေးကနည်းဖြစ်သွားသည်။
" ထွဋ်ဝေလ ခင်ဗျား " နှုတ်ခမ်းလှုပ်ရုံလေးပြောလိုက်သည်။
YOU ARE READING
ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )
ActionStart date-June/15/2021 End Date-Augu/1/2022 Part-26 part (Complete ) Just still No Extra Author by Akari Myan