(၂၅)

28.2K 1.2K 25
                                    

"ဟင့်! အင့်! "

"...." နံရံကို လက်သီးနဲ့ပစ်ထိုးလိုက်သည်။ဒါတောင် စစ်သွေးရင်ထဲကမီးတွေကငြိမ်းမသွားဘူး။ဒီစကားကို ဘာလို့ပြောထွက်မှန်းသူနားမလည်ဘူး နားလည်း မလည်ချင်ပါဘူး။ ဒီမိန်းမကိုပြောရင် ဆက်ဆက်ထိမခံဖြစ်နေတာကိုသဘောမကျတာ ဒါကိုစောက်ရေးမပါတာ

"ငိုနေရင် ချော့ရမယ်လေ "

"ဟန်"

"ငိုနေရင် ဟင့်! ချော့ရမှာပေါ့ ဘာလို့လူကို လာမချော့တာလဲ "

စစ်သွေးစျာန့်ကို ထပ်မံလှည့်ကြည့်ရင်း ငေးရပြန်သည်။နှုတ်ခမ်းကိုချွန်ချွန် ပြီးပြောနေတာ ခုနက ရန်ဖြစ်စကားများနေတုန်းကနဲ့တခြားစီပင်

"အင်း မငိုနဲ့!"

"အဲ့တာချော့တာမှ မဟုတ်တာ စျာန်ငိုတာကို ဖက်ပေးထားပြီးမျက်ရည်သုတ်ပေးရမှာပေါ့"

ဘာမှ အမူအရာပိုမနေတော့ပဲ ဒီလူ့ရင်ခွင်ထဲဆွဲခေါ်ပစ်လိုက်သည်။ စီးကျနေတဲ့ မျက်ရည်တွေသုတ်ပေးပြီးခဏလောက်ပွေ့ဖက်ပေးထားလိုက်သည်။ချစ်ရသူအလိုကျပေါ့

"တောင်းပန်ပါတယ် ကိုစစ် ဟင့်"

"ကိုယ်လည်းတောင်းပန်တယ်"

"ကိုစစ်လက်ဆေးထည့်ကြရအောင်"

"ထားလိုက်ပါ အချိန်တန်ရင်ပျောက်သွားမှာ"

ကိုစစ် ဒေါသထွက်နေသည်ဆိုတာ စျာန်သိသည်။စျာန်လွန်သွားတာ ဆိုပေမဲ့ ကိုစစ်က အခြားအမျိုးသမီးတစ်ယောက်ကို စည်းလွတ်ဘောင်လွတ်ပြောနေတာကိုသဘောမကျ၍ လက်လွတ်စပယ် ပြောမိလိုက်ခြင်းပင်။စျာန့်ရဲ့ယောက်ျားက အမျိုးသမီးတွေကိုလေးစားတတ်တဲ့ လူကြီးလူကောင်းဖြစ်စေချင်ရုံပဲ အကြောင်းပြချက်မရှိဘဲ အမျိုးသမီးတွေကို လေးစားရမယ် ကိုယ်ကမှန်နေမယ်ဆိုရင်တောင် တစ်ဖက်အမျိုးသမီးကို မိုက်မိုက်ရိုင်းရိုင်းစွဲချက်ချလိုက်တာမျိုးကို မဖြစ်စေချင်

ဒါတွေက စျာန့်ရဲ့ ဂုဏ်အတွက် ပြောနေသည်မဟုတ် ကိုစစ်အတွက် ပြောနေခြင်းပင်။ဒါကို ကိုစစ်က အထင်လွဲစွာကောက်ချက်ချသည်။စျာန်ကိုယ်တိုင်ကလည်း ငါ့ကိုမယုံကြည်ရကောင်းလားဆိုပြီး မနိုင်နိုင် ရာပြောလိုက်မိခြင်းပင် စိတ်ထဲ တွင် ပါသည်တော့မဟုတ်ဘူးလေ

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Hikayelerin yaşadığı yer. Şimdi keşfedin