(၂၀)

28K 1.3K 22
                                    

ခွဲစိတ်ခန်းအတွင်း ဒီအခါ အကူအဖြစ်ပါဝင်ပါခဲ့သည်။ဆရာခိုင်းသည့်အတိုင်း တစ်ဆင့်ချင်းလုပ်ရင်း ကိုအာကာဆီက ကျည်ဆံကို ထုတ်၍ ခွဲစိတ်ပြီးသွားသည်အခါ စျာန် သူနာပြုတစ်ယောက်နှင့် ကိုအာကာ့ကို ထားခဲ့သည်။အပြင်မှာ လက်ဆေး သန့်စင်ပြီး နားနေခန်းထဲ ဝင်လာလျှက် ဂျုတီကုတ်တွေ အမြန် လဲရင်း အိတ်ထဲကိုတောင် သူ ထိုးကြိတ်ထည့်လိုက်သည်။ မျက်မှန်ဝိုင်းလေးကလည်း ရေငွေ့တွေ ရိုက်လာသည်အထိ ဖုံးအုပ်ခံလိုက်ရပြီ။တန်ဖိုးထားရတဲ့အရာတွေလည်း ခင်ဗျားကြောင့် ဘာဖြစ်ကုန်ပြီလဲမသိတော့ဘူး

အိတ်ထဲက ဆောင်ထားတဲ့ ပိုက်ဆံ အနည်းငယ်ကိုထုတ်ပြီး တက္ကစီတစ်စီးကို ငှားလာခဲ့သည်။စျာန်သစ် ကားနောက်ခန်းမှာလဲ သူ့ရဲ့ အိတ်ကိုပွေ့ပိုက်ပြီး တရှုံ့ရှုံ့ငိုနေမိသည်။ အခုဖြစ်ပုံကိုသူမသိပေမဲ့ ကိုစစ်လို ကောင်းတဲ့သူတစ်ယောက်ကို မနာလိုတဲ့ကုမ္ပဏီတွေ ကလူတစ်ယောက်ယောက် ပြန်ပေးဆွဲသွားပဲနေမှာပါ။ကိုအာကာလည်း သေနတ်ပစ်ခံရ ကိုသူရဆိုလည်း စုတ်ပြတ်သတ်နေတာလေ ကိုစစ်ရော ကြောက်နေမှာလား မနက်ကတည်းကသူအိပ်မက်မကောင်းလို့ပါ ပြောနေတာ ကို ငါကထားဖြစ်အောင် ထားခဲ့မိသေးတာ ကိုစစ်ကိုငါသာ ငါ့အနားမှာထားရင်ကာကွယ်ပေးနိုင်မှာပဲလေ။

^^

"တကယ် ကို အင်အားကြီးလွန်းတာပဲသွေးရာ ဒါပေမဲ့ သွေး  ကျွန်‌ေတာ့်လက်က လွတ်မှာ မဟုတ်ဘူး လေ"

"မင်း ဘာလိုချင်တာ နေနော်ဇန် "

"ကျွန်တော် ပြောတယ်လေ ကျွန်တော် သွေး ကို ပဲလိုချင်တာပါလို့ "

"ဟာကွာ တောက်!.... ကလေးကလားတွေ လာလုပ်မနေနဲ့ လူတွေကြားရင်တောင် ရှက်ဖို့ကောင်းတယ်နေနော်ဇန် "

စစ်သွေး ဘယ်လောက်ပဲပြောနေပါစေ နေနော်ဇန်က ဆေးလိပ်အသောက်မပြတ်ပေ။နေနော်ဇန်က နယူးဇီလန် ကပြန်လာပြီး design အသစ်ဖြင့် ခန့်ညားထည်ဝါနေသူဖြစ်သည်။ ဂုတ်ထောက်လောက်ရှိနေသည့် ဆံပင်အကုန်ကို အဖြူရောင်ထပ်ဆိုးပြီး ခင်မြင့်မြင့်စည်းထားပြီး ညာဘက်တစ်ဖက်က နားကွင်းသေးသေးလေးကိုတပ်ဆင်ထားသည်။ မမီလို့ကျနေသည့် ဆံပင်အနည်းငယ်ရှိပေမဲ့ နေနော်ဇန်က အတော်လေးကြည့်ကောင်းနေဆဲပင်

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )حيث تعيش القصص. اكتشف الآن