(၁၁)

30.4K 1.6K 180
                                    

Z&U

ကိုယ့်မှာ ကျောင်းဆက်တတ်ဖို့ စုံစမ်းရမှာတွေ ကရှိသေး ရိုက်ခွဲခံလိုက်ရတဲ့ ဖုန်းကြောင့်
လက်တစ်ဖက် ကျိုးသလိုခံစားရတယ်။ရှိတဲ့ Mac book လေးကလည်း အတော်ဟောင်းလို့ သုံးမရတာ တစ်လလောက်ရှိပြီ အသစ်ဝယ်ဖို့လုပ်ထားပေမဲ့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် ကိုယ့်မှာ မဝယ်ရသေးဘူး

ဘာမှ မလုပ်နိုင်တော့ဘူး ဘာမှ လည်းဆက်မတွေးချင်တော့ဘူး။အနာဂတ် နဲ့ အိပ်မက်ဆို တဲ့ အတွေးဝင်လာရင် စိတ်ဓာတ်က အလိုလို ကျလာသည်။ဘာလို့ ကိုယ်က ဒီလူ့ဆီ ချုပ်နှောင် ထားခံရမှာလဲ ။

"ဘာထိုင်လုပ်နေတာလဲ"

"ခင်ဗျား အပူမပါဘူး"

"ကျောင်းတတ်ဖို့ကိစ္စ မနက်ဖြန် အာကာ့ကို စုံစမ်းခိုင်းထားတယ် အဲ့အတွက်စိတ်ပူစရာမလိုဘူး"

"ရတယ် ကိုယ့်ဘာသာ ကိုယ်လုပ်နိုင်တယ် "

"ဘာဖြစ်နေတာလဲ ဖုန်းကိစ္စလား"

"ဟုတ်တယ် လစာဆိုတာ အဝေးကြီးလိုသေးတယ် ကျွန်တော် ဖုန်းမရှိဘဲ ဘယ်လို အလုပ်လုပ်ရမလဲ ဆေးရုံမှာ ညဘက် အရေးကြီးလူနာလာရင် ဆက်သွယ်ရမဲ့ ဖုန်းက တစ်စဆီဖြစ်နေပြီ လူ့အသက်တွေ ဗျ ကစားစရာတွေ မဟုတ်ဘူး"

"ကျစ်!"

စစ်သွေးဆီက 'ကျစ်' ဆို တဲ့ အသံကိုကြားလိုက်ရတဲ့ အခါ စျာန် မျက်ထောင့် နီကြီးနဲ့ ကြည့်လိုက်မိသည်။သူပြောတဲ့ စကားက အဓိပ္ပာယ်မရှိတဲ့ စကားတွေများလား

ဘာတွေ အမှားပါသွားလို့ ဒီလူက ဒီလိုဖြစ်နေတာလဲ စတွေ့တုံးကပုံစံနဲ့ တစ်ခြားစီ တစ်ဖြည်းဖြည်း ခက်ထန်လာတယ် ချုပ်ချယ်တတ်လာတယ် သူလိုချင်တာ သူဖြစ်ချင်တာလောက်ပဲ ဦးစားပေးလာတယ်။သိပ်ကိုလည်း ရမ်းကားလွန်းတယ်။

"ပြောလို့ပြီးရင် ညစာ သွားစားမယ်"

လက်ကိုဆွဲလာသည်ကြောင့် စျာန်ရုန်းလိုက်သည်။

"မစားချင်ဘူး "

"‌ ညစာစားရင် I phone 13 Pro Max ဝယ်ပေးမယ်"

"မလိုဘူး ကျွန်တော့်ဖုန်းပဲ ပြန်လျော်"

"ဘယ်လောက်လဲ"

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now