(၁၂)

30.3K 1.5K 60
                                    

အာကာ••••

ပြန်ရောက်တော့ အာကာဧည့်ခန်းမှာ ခဏထိုင်ကာ အညောင်းအညာဖြေရင်း ခဏ‌ေမှးလိုက်သည်။ ထို့နောက် ပြန်နိုးတော့
အခန်းထဲဝင်လာတော့ အပေါ်ပိုင်းဗလာကျင်းနှင့် သူရအား မြင်လိုက်ရသည်။သူရကကိုယ့်ထက်ငယ်ပေမဲ့ ခန္ဓာကိုယ် အချိုးအစားက ကိုယ့်ထက်သာသည်။သူရက အသားညိုသည်မဟုတ် ဝါဝင်းနေတာ မျိုး ရင်အုပ်ကျယ်ကျယ်မှာ အမွေးအမျှင်တို့နှင့်

ချက်အောက်နား တန်းတန်းတစ်လျှောက် အမွေးတို့ရှိနေသေးသည်။ဘာရယ်မဟုတ်ဘူး မြင်လိုက်ရတော့ အာကာ အသေးစိတ်စုန်ဆန်ကြည့်မိသည်။

ဗိုက်မှ ကြွက်သားခြောက်ခုကလည်း အတော်လေးကြီးသည်ဟုဆိုရမည်။ပုံမှန်ဆို ခန္ဓာကိုယ်က ဒီလောက်ပြည့်စုံမှန်းမသိသာ အဝတ်အစားမရှိမှ မြင်ကွင်းကပိုလှလာတာ

သူရက တိုက်ရည်ခိုက်ရည်လည်း သူ့နီးနီးလောက်ကောင်းသည်။Boss အတွက် ယုံကြည်အားကိုးရတဲ့ သူတစ်ယောက်လည်း ဖြစ်သည်လေ။

"ဝပြီလား"

"ဘာ.....ဘာ....မင်းဘာစကားပြောတာလဲ သူရ"

"ကျွန်တော်ဘာပြောလို့လဲ အကိုကြည့်လို့ဝပြီလားလို့ မဝသေးရင်ဆက်ကြည့်ပါ ပြီးရင် ကျွန်တော်ရေချိုးတော့မလို့"

"မင်းနော် စကားပြော တာ ဆင်ခြင် ငါကမင်းကို ဘာကိစ္စကြည့်ရမှာလဲ"

ပြောနေရင်း ကိုအာကာရဲ့ မျက်နှာ က မထားတတ်ဖြစ်နေရှာသည်။သူရှက်တာ တကယ်ချစ်ဖို့ကောင်းသားပဲ။

"အင်္ကျီကျွတ်ကြီးနဲ့ ဆင်ခြင်နော်မင်း မဟုတ်ရင် ကိုယ့်အိမ်ကိုပြန်"

"ဟာ အကိုကပဲ  ကြည့်သေးတယ် ကျွန်တော်ကအပြစ်ဖြစ်ရသေး"

"သူရကို မင်း....!ရေချိုးစရာရှိတာ သွားချိုး"

သူရမျက်နှာ ကအပြုံးကြီးကို သူတွေ့ဖြစ်အောင် တွေ့လိုက်သေးသည်။တကယ်ပဲ ငါကအဖြောင့်ကွ အကိတ်ကြီးတွေပဲ ကြိုက်တာ

"ဟွန်း!"

အာကာ နှာမှုတ်လိုက်ပြီး အပေါ်ကုတ်ကို ခြင်းထဲသို့ထည့်လိုက်သည်။ခြင်းထဲပြည့်နေတာကြောင့် သူသက်ပြင်းရှည်ကြီး ချမိလိုက်ရင်း

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now