(၈)

32.3K 1.8K 99
                                    

Zawgyi + Unicode

"စျာန်!"

ကားရပ်ရပ်ချင်း Bus ကားမှတ်တိုင်မှာ မိန်းမတစ်ယောက်၏ ခါးကို ဖက်ထားသည့် စျာန် ထိုမြင်ကွင်းကို  မြင်လိုက်ရတဲ့ အချိန် စစ်သွေး သူတို့ရှိရာ အမြန် ဆင်းလာခဲ့သည််။ထို့နောက် ထိုမန်းမ ခါးပေါ်က သျာန်လက်တွေကိုဖယ်လိုက်ပြီး စျာန့်လက်ကို ဖျစ်ညှစ်ထားမိသည်။စစ်သွေး ဒီမိန်းကိုကြည့်ပြီး ဘယ်လိုအခြေအနေလဲဆိုတာသေချာပေါက်လက်ခံမိသည်။ဒီမိန်းမ ကချောသည် လှသည်၊

"ကိုစစ် ဘယ်လိုရောက်လာတာလဲ "

"ကိုယ်က......ကိုယ့်ဒေါက်တာ့ကို လာကြိုတာ"

"သြော် ......မသီ ကားလာနေပြီဗျ "

"ဟုတ် ဟုတ် ဒေါက်တာစျာန် ကျွန်မ သွားပြီ "

" မနက်ဖြန်မှတွေ့ကြမယ်ဗျ"

ကိုယ့်ရှေ့မှာတင် နှုတ်ဆက်မှု အမျှင်မပြတ်ကြသေးသည်ကြောင့် ဒေါသကမပြေလျှော့မိသေး

"ကိုစစ် ဟို ကျွန်တော့်လက်နာတယ်"

"သူ့ကို အိမ်လိုက်ပို့ပေးမလို့လား"

"ဗျာ"

"ကိုယ်မင်းကို လာမကြိုရင်..."

"မဟုတ်ပါဘူး မသီနဲ့ ကားအတူစောင့်ပေးဖို့ ပန်းနု တို့ပြောလိုက်လို့ပါ"

"သူများပြောတိုင်း မင်းလုပ်နေတာပဲ လား
ဟမ်? အဲ့မိန်းမ ရဲ့အကြည့်တွေကို မသိဘူးလား"

ကိုစစ်စကားကြောင့် နေ့လည်စာ ထမင်းဝိုင်းမှာ အမြဲစနေကြသည့် ပန်းနုတို့အသံကနားထဲဝင်လာတော့သည်။စျာန်သစ်လည်း ပြုံးမိရင်းရှက်ဝဲဝဲအမူအရာဖြင့်  ဆံပင်လိမ်ခွေခွေတို့ကြားလက်ညိုးလေးထိုးကာ ကုပ်သလို နားထင်လေးအား ပွတ်သလို

"အဲ့လိုတော့ မနုတို့စကြတာပဲ မသီကကျွန်တော့်ကို သဘောကျနေတယ်တဲ့ မသီက တကယ်လှတယ် ကျွန်တော့် Type ပဲ ဟီး"

တကယ်ပါပဲချစ်နေတာမျိုးမဟုတ်ပေမဲ့ မသီ နဲ့အနာဂတ်လမ်းကိုလျှောက်ရရင်.....ကောင်းမွန်ပြီးပြည့်စုံတဲ့ မိသားသုလေးကိုရမယ်ထင်တာပဲ ဒါပေမဲ့ သူအခုထိဘွဲ့မရသေးတာကြောင့် အများကြီးတော့ ဆက်မတွေးချင်သေးဘူး

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now