'တတ်လည်း တတ်နိုင်လိုက်ကြတဲ့ဟာတွေ!'
'အဆင်ပြေအောင်ညှိပေးမိတဲ့ငါက ရူးနေလို့...'
ဂျွန်က ပါးစပ်ကနေတတွတ်တွတ်ဆိုလို့ လက်ဂေ့ဂျ်ကြီးဆွဲကာ မူလအခန်းဆီပြန်ရောက်လာတယ်။
မနက်ဖြန်ပဲပြန်ရတော့မယ် ဒီညလေးတစ်ညကျန်တာကို အေးဆေးမနေရဘူး။ လီယိုဝမ်ရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ အခန်းပြောင်းပေးရပြန်တယ်။ တကယ် တကယ်...သူ့မှာ ဟိုဟာနေရာမရသလိုပဲ။
"ယို့...ပြန်ရောက်လာပြီလား ဂျွန်"
အခုမှအခန်းထဲဝင်လာတဲ့ နီရယ်က အံ့သြဟန်နဲ့မေးတယ်။
ချီးကိုအံ့သြပြနေလိုက်။ မပြန်လာလို့ ငါက ဟိုအတွဲကြားမှာ ဘာလုပ်နေရမှာလဲ။"Seanကရော?"
ဂျွန်က ပြန်မဖြေရသေးခင် နောက်မေးခွန်းတစ်ခုရောက်လာတယ်။
'လက်နောက်လိုက်သွားပြီ'
"နေပါဦး..မင်းက ဘာလို့ဂနာမငြိမ်ဘဲအခန်းကူးနေရတာလဲ"
"သောက်ရမ်းအားနေလို့ဟေ့...Sxxt!! "
___________________
"ဂျွန်ကို အားနာစရာ"
"အားနာစရာမလိုဘူး...အဲ့ဒီအစား ငါ့ကိုပဲပိုတိုးဖက်လိုက်"
"ဆိုင်လို့လား"
"ဆိုင်တယ်"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ရင်ခွင်ထဲကာ ထွေးပိုက်ထားတယ်။ ဟိုးဘက်က သူ့ကုတင်ကြီးကိုအလွတ်ထားပြီး ရှောင်းကျန့်ကုတင်ပေါ်လာတက်အိပ်နေတာ။ ဒီထက်သာထပ်တိုးရရင် ဝမ်ရိပေါ်ပါးစပ်ထဲခုန်ဝင်ဖို့ပဲကျန်တော့တယ်။
"ဝမ်ရိပေါ်...နည်းနည်းလောက်အသက်ပေးရှူ ပါဦး"
"ငါအိပ်နေပြီ"
ရှောင်းကျန့်က တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ ဝမ်ရိပေါ်ရဲ့လက်တွေကိုဖြည်လျှော့ပေးဖို့ပြောပေးမဲ့ ရိပေါ်က မသိဟန်ဆောင်တယ်။
"ဝမ်ရိပေါ်...ငါမင်းထက်ကြီးတယ်နော်"
"အင်း"
"ငါ့စကားကို နားမထောင်သင့်ဘူးလား"
"အင်း"
YOU ARE READING
JUST ANOTHER BOY [ Completed ]
Fanfiction[ BJYX Fanfiction ] . . . Jan 14 2021~ Oct 13 2021