Unicode
"အတိုချုပ်"
မွေးဖွားစဉ်က မျိူးရိုးဗီဇစစ်ဆေးချက်တွင် ကျန်စုန့်ယိသည် ပထမတန်းစား Alphaဖြစ်လာနိုင်မည့် အခွင့်အရေး 100%ရှိသည်ဟု သတ်မှတ်ခြင်းခံရသည်။
ထို့ကြောင့်, သူသည် ဘက်စုံထူးချွန်သော၊ လိုတရသည့် ချမ်းသာသောဒုတိယမျိုးဆက်လေး အဖြစ် ကြီးစိုးခဲ့၍ ဆယ်နှစ်တာကာလကိုဖြတ်သန်းခဲ့သည်။
သူက ကျောင်းရဲ့ ဘောစ့်, ကျောင်းရဲ့ အချောတကာ့အချောဆုံး၊ ပြီးတော့ ကျောင်းရဲ့ ထိပ်တန်းကျောင်းသားလေးပဲ။
ဒါတွေက သူ့ရဲ့ ငယ်ဘဝအိမ်နီးချင်းဖြစ်တဲ့ ပြိုင်ဘက်တစ်ယောက် ကျောင်းကို ပြန် ပြောင်းလာခဲ့တဲ့ နေ့မတိုင်ခင်ထိပင်။
ချက်ချင်းဆိုသလို သူက သူ့ရဲ့ အချောဆုံးဆိုတဲ့ နေရာကို လုယူသွားပြီး ကျောင်းရဲ့ ထိပ်တန်းကျောင်းသားဆိုသည့် ထိပ်စည်းကိုလည်းလုယူသွားခဲ့သည်။
အကဲဖြတ်ရလျှင်တော့ ဒီလုတဲ့ကောင်က သူ့ထက်အရင်တောင် ပထမတန်းစား Alphaအဖြစ် အရွယ်ရောက်ပြီးနေပြီ ဖြစ်သည်။
ကျန်စုန့်ယိက ပြတ်ပြတ်သားသားပြောပစ်လိုက်၏။
မြင်းတစ်ကောင်ကို လူနှစ်ယောက်စီးရင် တစ်ယောက်ကတော့ နောက်မှာ ထိုင်ရမှာပဲ!
ဒီကျောင်းမှာလဲ Dominant Aနှစ်ကောင် အတူနေလို့မရဘူး!
ကျန်စုန့်ယိသာ ဒီခွေးမသား ပေါ်ဟွိုက် ကို အဝေးရောက်အောင် ရိုက်မချနိုင်ပါက သူ Alphaတစ်ယောက်ဖြစ်ဖို့ မထိုက်တော့ပေ။
လူတွေကပြောကြတယ်, ဘုရားသခင်က အားလုံးအတွက် အစီအစဉ်ရှိနေပြီးသားတဲ့။
ထိုညမှာပဲ ကျန်စုန့်ယိ တစ်ယောက် ပေါ်ဟွိုက် ရှေ့မှောက်မှာပင် Omegaအဖြစ် အသွင်ပြောင်းသွားခဲ့ရှာလေသည်။
-
မယိမ်းယိုင်သော သိန္နိဌာန်များဖြင့် ကျန်စုန့်ယိဟာ စစ်မှန်သည့်ပင်ကိုအရည်အသွေးများရှိသည့် Omegaတစ်ယောက်ဖြစ်လာရမည်ဟုကျိန်ဆိုခဲ့သည်။
YOU ARE READING
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Romance" မင်းက ငါ့ရဲ့ ကျန်စုန့်ယိ " ပေါ်ဟွိုက် x ကျန်စုန့်ယိ