2A1O Chapter《40》

6.8K 968 16
                                    


Edited Version

『Unicode』

" သူက ပေါ်ဟွိုက်ရဲ့ ဖယ်ရိုမုန်းတွေကို တောင့်တနေတယ် "

လပတ်စာမေးပွဲရဲ့ ထိုင်ခုံတွေကို အတန်း ၁မှ ၅အထိ ကျပန်း စီစဉ်ထားခဲ့သည်။

ပေါ်ဟွိုက်က အခန်း၁မှာပဲ ကျပြီး ကျန်စုန့်ယိကတော့ အခန်း၅မှာ ကျခဲ့​၏။

စာမေးပွဲတွင်းတွင် အံဆွဲတွေမှာ အလွတ်ဖြစ်ပြီး မည်သည့် လျှပ်စစ်ပစ္စည်းမှ ခန္ဓာကိုယ်ပေါ်မှာ ယူခွင့်မပြုပေ။ ဖုန်းတွေကိုလဲ ကျောင်းလွယ်အိတ်ထဲမှာ ထားခဲ့ရပြီး ကျောင်းလွယ်အိတ်ကတော့ စာသင်ခန်းနောက်ဆုံးက သံဖြူဗီရိုထဲမှာ ထား,ထားရသည်။

ထို့ကြောင့် သူတို့ဟာ စာရေးကိရိယာအိတ်ကိုယူပြီး စာမေးပွဲခန်းအသီးသီးသို့ သွားကြရသည်။

ကျန်စုန့်ယိ အခန်း၅ကို ဝေ့ဝိုက်ကြည့်လိုက်ရာ ဝင်ခွင့်နံပါတ်အရ ထိုင်ရမည့်နေရာမှာ ဒုတိယအုပ်စုရဲ့ နောက်ဆုံးအတန်းဖြစ်သည်ကို တွေ့လိုက်ရသည်။

သူရောက်တာနောက်ကျခဲ့ပြီး သူရောက်လာတဲ့အခါမှာပဲ အရှေ့တန်းကလူက သူ့ဘေးမှလူကို ဆွဲလိုက်ပြီး တစ်ခုခုကို အမြန် တီးတိုးပြောနေသည်။ သူ့ကို ရင်းနှီးနေသလို ထင်ရပေမယ့် ကျန်စုန့်ယိက လူတွေရဲ့နာမည်ကို မှတ်ရတာမကြိုက်ပါချေ။
ထိုလူမှာ သူနဲ့ ဘတ်စကတ်ဘော အကြိမ်ပေါင်းများစွာ ကစားဖူးတဲ့ ကျောင်းသားတစ်ယောက်ဖြစ်နိုင်ပေသည်။

အခုတော့ သူ ဟွမ်ဖုယိအား တကယ်ပဲ  ဟွမ်ဖုတျန်နျိူးလို့ တွေးခဲ့မိသည်။ အဲ့လို ရှိလို့ရှိမှန်းတောင် မသိတဲ့ ဖြတ်သွားဖြတ်လာလေးဆိုရင်တော့ ထားလိုက်ပါတော့..

မည်သို့ဖြစ်စေ သူဟာ သူ့ကိစ္စတွေကိုပဲ စိတ်ထဲထားတာကြောင့် စကားပြောရမှာပျင်းလှသည်။ တစ်ချက် သမ်းလိုက်ပြီး စားပွဲပေါ်ကို လှဲချလိုက်ကာအိပ်ရန်လုပ်လိုက်သည်။ စာရွက်တွေ ဝေမလာတဲ့အချိန်မှာတော့ သူ ပျော်သွားရသည်။

ဒီတစ်ကြိမ် ကဗျာ၊လင်္ကာ သုံးသပ်ချက်နဲ့ စာဖတ် နားလည်နိုင်စွမ်းတို့မှာ မူလမှ ကွဲထွက်နေသည်။ အထူးသဖြင့်ကဗျာ လင်္ကာသုံးသပ်ချက်မှာ ပေါ်ဟွိုက်ပေးထားတဲ့အချက်အလက်တွေမှ ဖြစ်လာပုံပေါ်​၏။ ဒါဟာပထမဆုံးအကြိမ်အဖြစ် ကျန်စုန့်ယိဟာ သင်္ချာ၊ရူပဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေကို ပထမဆုံးဖြေနေသည့်နှယ် တော်တော်ကြီးကို ကျွမ်းကျင်ပိုင်နိုင်နေခဲ့တာပင်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Nơi câu chuyện tồn tại. Hãy khám phá bây giờ