Edited version
Unicode
" ပြတင်းပေါက်ကို ထိုးဖောက်ဖို့ တိုက်ဆိုင်မှုကို စောင့်နေတယ် "
ကျန်စုန့်ယိ ခဏတာမျှ ကြောင်အသွားရသည်။ သူလှုပ်လို့ရပြီလို့ ခံစားလိုက်ရတာနဲ့ စားပွဲတွင်းရှိ မော်ဒယ်တူ ဖုန်းတစ်လုံးကို ထုတ်လိုက်ပြီး 0101ကိုနှိပ်လိုက်ရာ သူမျှော်လင့်သည့်အတိုင်း။
Iversonရဲ့ ချောမောလှတဲ့မျက်နှာက ပေါ်လာသည်။
ကျန်စုန့်ယိ လက်တစ်ဖက် တစ်လုံးစီကိုင်ထားရင်း ကိရိယာနှစ်ခုကို ဘယ်ကြည့်ညာကြည့်ဖြစ်နေ၏။
"ပေါ်ဟွိုက်"
"ဟင်?"
ပေါ်ဟွိုက် ခေါင်းစောင်းကြည့်လိုက်လျှင် ကျန်စုန့်ယိလက်ထဲမှ လော့ဖြည်ထားတဲ့ ဖုန်းနှစ်လုံးကို တွေ့လိုက်ရာ သူ့နှလုံးသားမှာ တင်းကျပ်သွားရ၏။ သို့သော် ဘာမှ မဖြစ်သလိုမျိူး သူ မြန်မြန် ဖုံးကွယ်လိုက်သည်။
"ဘာလဲ? မင်း passwordကို ထည့်ကြည့်ခဲ့တာလား?"
" လာပြန်ပြီ 0101"
"အိုး...အင်းလေ"
လေသံမှာ မထူးခြားနေသော်ငြား ရှင်းလင်းသပ်ရပ်သော စာရွက်ပေါ်၌ ဘောပင်ဖျားက မပြေပြစ်လှသော အမှတ်တစ်ခုကိုရေးခြစ်နေမိ၏။
"ဘာလို့လဲ?"
" 'ဘာလို့လဲ'က ဘာကိုဆိုလိုတာလဲ"
"မင်း Passwardက 0101လေ။ ငါ့မွေးနေ့ကြီး!! မင်းဘယ်လိုတောင် ငါ့မွေးနေ့ကို ထားနိုင်ရတာလဲ? မင်းငါ့ကို crushနေတာဟုတ်တယ်မလား"
" အင်း... မှန်တယ်"
"..."
ရိုးရှင်းသောစာကြောင်းလေးဖြစ်သည့်တိုင် လေထုဟာ သေလောက်အောင် တိတ်ဆိတ်သွားသည်။
ကျန်စုန့်ယိသည် ပေါ်ဟွိုက်ဖုန်းအား သူ့စားပွဲခုံထဲသို့ ပစ်ထည့်လိုက်သည်မှာ အသံပင် မြည်သည်အထိ။
" မင်း ငါ့ကို စောက်ကျိူးနည်း ဟာသတွေလာလုပ်နေတာ ဟုတ်တယ်မလား? ဟာသလုပ်ဖို့ကြိုးစားနေတာလား၊ သောက်ရမ်း ပျင်းနေလို့လား? ဒီလို ပေါက်တတ်ကရတွေပြောနိုင်တယ်ပေါ့လေ? ဒီလိုတွေသာ လုပ်နေရင် ငါတို့ ညီအစ်ကိုတွေ ဖြစ်လို့မရတာနဲ့ အဆုံးသတ်ရလိမ့်မယ်"
YOU ARE READING
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Romance" မင်းက ငါ့ရဲ့ ကျန်စုန့်ယိ " ပေါ်ဟွိုက် x ကျန်စုန့်ယိ