2A1O Chapter《31.2》

7K 1K 20
                                    


『Unicode』

ကျန်စုန့်ယိမှာ ပေါ်ဟွိုက် တကယ် မတရားခံရသလို ခံစားရသည်။ ထိုအချိန်က သူက ၁၃နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး အပြင်ပန်း အေးစက်ပေမယ့် နှလုံးသားနွေးထွေးတဲ့သူမျိူးပင်။ အဆုံးမှာတော့ မကောင်းတဲ့သူတစ်ယောက်ကိုကူညီမိပြီး ပြဿနာတွေနဲ့ နာကျင်ခဲ့ရသည်။

ဒါပေမယ့် သူနားမလည်နိုင်တဲ့အရာတစ်ခုရှိသည်။ ပေါ်ဟွိုက်သည် ပစ္စည်းအများစုကို ဂရုစိုက်တတ်သူမဟုတ်ပါဘဲ သူကအနည်းငယ် Germaphobia ရှိသူဖြစ်သည်။ တစ်ခုခုခိုးခံရတယ်ဆိုပါကလဲ သူက မလိုချင်တော့တာမျိူး ဖြစ်သွားနိုင်သည်။ရလဒ်ကတော့ သူက ပြန်လာပြီးတောင် အချင်းပွားလိုက်သေးသညိ။

[Germaphobia =ဘတ်တီးရီယား၊ ဗိုင်းရစ်တို့ကို ကြောက်ခြင်း]

ဒါ့ကြောင့် ဝမ်ရှန်းဘာခိုးခဲ့လဲဆိုတာကို သူ အမြဲတမ်းသိချင်ခဲ့ပေမယ့် ပေါ်ဟွိုက်က မပြောလာခဲ့ပေ။

ဝမ်ရှန်းက ပေါ်ဟွိုက်ကို အချိန်အကြာကြီး မုန်းလာခဲ့တယ်ဆိုရင် ဝမ်ဟိုင်ကတော့ ပေါ်ဟွိုက်ကို ပြဿနာလာရှာတာပင်။ဒါက ပိုက်ဆံတောင်းချင်၍ မျှသာ ဖြစ်​၏။

ကျန်စုန့်ယိ သရော်ပြုံး,ပြုံးလိုက်ပြီး သူ ကျောင်းဂိတ်ဝကို ရောက်လာခဲ့ပြီဆိုတာ သိလိုက်သည်။

တနင်္လာကနေ သောကြာအထိ ကျောင်းသားတွေက ကျောင်းကနေ မထွက်နိုင်သလို ကျောင်းပြင်ကလူကလဲ ဝင်လာလို့မရပေ။ ဒါပေမယ့် ကျန်စုန့်ယိကတော့ မတူ။ ဘာကြောင့်လဲဆိုတော့ ကျောင်းရဲ့ လုံခြုံရေးစနစ်က သူ့အဖေ လှူပေးထားတာကြောင့် ဖြစ်သည်။

သူ အပြင်ထွက်လာသည်နှင့် ကျောင်းနံရံကို မှီကာ ရပ်နေတဲ့ ဝမ်ဟိုင်ကို မြင်လိုက်ရသည်။

သာမန် အမှတ်(၁)ကျောင်းဝတ်စုံနဲ့ ရုပ်ဆိုးတဲ့ ဘယ်တာ; မတွေးတတ်အောင်ကို လူတွေကို အဆင်မပြေဖြစ်အောင် လုပ်နေ​၏။

ဝမ်ဟိုင်ကလဲ သူ့ကို မြင်သွားပြီး ခဏတာမျှ မျက်လုံးတွေ မှေးစင်းသွားကာ မနှစ်မြို့စရာ အပြုံးတစ်ခုပေါ်ထွက်လာ​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Donde viven las historias. Descúbrelo ahora