『ပေါ်ဟွိုက်က ပိုင်စိုးခြယ်လှယ်လွန်းလှတဲ့ Alpha - အပိုင်း ၂ 』
ပေါ်ဟွိုက် မျက်လုံးထဲမှာဆို Alphaအားလုံးက ညစ်ပတ်သည်။
အထူးသဖြင့် လုချီဖုန်း... ဒီခွေးဟာ သူလောက်နီိးနီး ကောင်းလေ၏။
ထို့ကြောင့် လုချီဖုန်းဟာ ပေါ်ဟွိုက်မျက်လုံးထံမှာ အထူးတလယ် ညစ်ပတ်နေတာပင်။
သို့သော် လုချီဖုန်းက ကျန်စုန့်ယိ သူငယ်ချင်းဖြစ်တာကြောင့် ပေါ်ဟွိုက်က ဒီအတိုင်း သာမန်ပြောလိုက်တာဖြစ်ပြီး အမှန်တကယ်လဲ သိပ်ဖိအားမထားလေခဲ့။
သို့ပေမယ့် စစ်ရေးလေ့ကျင့်ခန်းပြီးဆုံးချိန်မှာ သူ ကျန်စု န့်ယိကို ညစာစားဖို့ သွားရှာခဲ့ရာ ထိုတစ်ခါမှာ ဧကန်အမှန် ရှာလကာရည်ပုလင်း မှောက်ကျသွားတာဖြစ်လေ၏။
ပေါ်ဟွိုက်က ကျန်စုန့်ယိကို သူ ညစာအတူစားဖို့ လာမည်ဖြစ်ကြောင်း WeChat မက်ဆေ့ခ်ျပို့ခဲ့သည်။ ထို့ကြောင့် ကျန်စုန့်ယိဟာ လုချီဖုန်းကို လွှတ်လိုက်ပြီး အားကစားကွင်းအစွန်းလေးမှာ ထိုင်ကာ ပေါ်ဟွိုက်ကို စောင့်နေခဲ့၏။
ရုပ်ချောတဲ့လူတွေဆိုတာက အမြဲတမ်း အာရုံဖမ်းစားနိုင်ကြသည်။
စစ်ရေးလေ့ကျင့်ရေးလက်ထောက်က စီနီယာ Alpha တစ်ယောက်။ ဒီကနေ့ ကျန်စုန့်ယိ ပစ်မှတ်ကို ဘယ်လိုတွေပစ်ခဲ့သလဲဆိုတာမြင်ရလျှင် ဒီလို နှစ်သက်ဖွယ်ကောင်းလှတဲ့ Omegaကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ရသလို ခံစားရသည်။
သူက တစ်ယောက်တည်းဖြစ်နေတာကိုမြင်သော် ရေပုလင်းယူ၍ လျှောက်လာကာ : " ကျန်စုန့်ယိလား? "
" အင်း။ " ကျန်စုန့်ယိက ခေါင်းငုံ့လျက် ပေါ်ဟွိုက်ထံ WeChat Message ပို့ရင်း သာမန်ကာလျှံကာပြန်ဖြေသည်။
ထိုစီနီယာက ပေချန်တက္ကသိုလ်မှာ ဩဇာတိက္ကမကြီးသူ တစ်ယောက်လို့လဲ သတ်မှတ်ခံရသူတစ်ယောက်ဖြစ်၏။ သူ့ရှေ့မှာတစ်စုံတစ်ယောက်ကိုမြင်တာတောင် မျက်လွှာပင့်မကြည့်တာကြောင့် ဒီဂျူနီယာလေးက ပိုတောင်စိတ်ဝင်စားစရာကောင်းတယ် ထင်မိလာသည်။
BẠN ĐANG ĐỌC
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Lãng mạn" မင်းက ငါ့ရဲ့ ကျန်စုန့်ယိ " ပေါ်ဟွိုက် x ကျန်စုန့်ယိ