『Unicode』
Edited Version" ငါစပျစ်သီးစားချင်တယ် "
ပေါ်ဟွိုက်က စာမျက်နှာတချို့ကို လှန်လိုက်သော်ငြား ဘာကိုမှမတွေ့ရပေ။ သူ ခေါင်းငုံပြီး typeနေဆဲ ကျန်စုန့်ယိကို တစ်ချက်ကြည့်လိုက်ပြီး သာမန်ကာလျှံကာမေးလိုက်၏။
"အရမ်း အလုပ်များနေတာလား?"
"အိုး ဘာမှမဟုတ်ပါဘူး "
ကျန်စုန့်ယိက မျက်လွှာပင်,ပင့်ကြည့်မလာဘဲ ဝတ်ကျေတမ်းကျေအသံပြုသည်။
သူ ရွှီကျားရှင်းအား Post Bar မန်နေဂျာနှင့် ဆက်သွယ်ရန် မေးမြန်းနေတာဖြစ်ပြီး ထိုပါဝင်ပတ်သတ်နေသူတို့၏ IPတွေကို ရှာဖွေချင်နေတာဖြစ်သော်လည်း မန်နေဂျာက သူတို့ရဲ့ လုပ်ပိုင်ခွင့်သည် မြို့တွင်း၌ သာ ကန့်သတ်ထားကြောင်းပြောလာခဲ့၏။
မြို့တွင်းဆိုပါက ဘာမှ အသုံးမဝင်ပေ။ ရွှီကျားရှင်းရဲ့ လူအုပ်က ကြီးမားတာကြောင့် တောင်ပိုင်း တစ်ခုလုံးဖြစ်နိုင်၏။ကျန်စုန့်ယိမှာ သက်သေမရှိပါဘဲ ထင်ရာမြင်ရာခန့်မှန်းရသည်ကို မကြိုက်ပေ။ သူ့သာ administratorကို တကျဥ်ကျဥ်ဆက်လုပ်ပြီး ကြိုးကို ဆွဲထားပါက တစ်နေ့မှာတော့ ဒီသတင်းဟာ ပေါ်ဟွိုက်နားဆီကို ပျံ့သွားလိမ့်မည်ဖြစ်သည်။
ထိုသို့တွေးလိုက်လျှင် သူ မဆိုမစလောက်လေး စိတ်ရှုပ်လာရသဖြင့် သူ ဖုန်းကို အဝေးပစ်လိုက်သည်။ ဆံပင်တွေကို နှစ်ချက်မျှထိုးဖွလိုက်သော် သူလက်ကောက်ဝတ်မှ ပုတီးစေ့များပင်အသံထွက်လာသဖြင့် အသံမှာ တိတ်ဆိတ်သောမနက်ခင်းကို အထူးတလယ်ပင် ကြွတ်ဆတ်နေခဲ့သည်။
ထိုအသံကိုနားထောင်ရင်း ပေါ်ဟွိုက်က ပေါ့ပေါ့လေးပြောလိုက်၏။
"အဆင်မပြေရင် မင်း ချွတ်ထားလိုက်လေ"
ကျန်စုန့်ယိက ချက်ချင်း ခေါင်းမော့လာပြီး မျက်ခုံးနဲ့ဘမျက်လုံးတို့မှာ စိတ်မရှည်ဟန်ပေါက်နေသည်။
"ဘာလို့ချွတ်ရမှာလဲ ? ချွတ်လိုက်ရင် အလုပ်မဖြစ်တော့ဘူး"
သူသည် စိတ်အခြေအနေမကောင်းနေသောကြောင့် မြန်မြန်ပြောလိုက်သည်ဖြစ်ရာ လေသံမှာ စိတ်ဆိုးနေသကဲ့သို့ ထင်ရ၏။
သို့သော် စိတ်မရှည်ပြီး ဒေါကန်နေတာလေးကပင် ခုလေးတင် ရင်မှာ ချဉ်နေခဲ့သောပေါ်ဟွိုက်အား အနည်းငယ် သက်သာရာသလို ခံစားရ၏။
YOU ARE READING
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Romance两A相逢必有一O [ When Two Alphas meet, one is an Omega ] by "Li Dongren" ||Burmese Translations|| Genre-Comedy,Romance,School Life,Slice of Life,Yaoi Total - 89 chapters + 7 extras CP : Bo Huai & Jian Songyi This Story has nothing to do with me.This is Fa...