" အချောဆုံးနှင့် ထိပ်ဆုံးကျောင်းသား၏ ဒဏ္ဍာရီ "
သွားပြီ!
အဲ့ဒါ ပေါင်မင်ဟုန်ပဲ။
သူတို့တွေ ခေါင်းရိတ်ရတော့မယ် ။
အမှိုက်ကောင်ပေါ်ဟွိုက်! ဒါသူ့ကို တမင်သက်သက် ဆွဲဆောင်ခဲ့သူ့အမှားတွေချည်းပဲ ' ကျန်စုန့်ယိ တွေးလိုက်သည်။
သူ အရူးလုပ်ခံလိုက်ရပြီ!
ကျန်စုန့်ယိ စိတ်ထဲမှာ ထောင်ချီနေသော အတွေးတွေ ပေါ်လာရင်းပင် သူဟာ မြေပေါ်မှာ ကြက်သေသေလျက်။ တစ်ချိန်တည်းမှာပဲ သူ့လက်ချောင်းတွေက ပေါ်ဟွိုက်ကော်လာကို ကြမ်းကြမ်းရမ်းရမ်း ဆုပ်ကိုင်ထားမိဆဲ။
ပေါင်မင်ဟုန် တံခါးဖွင့်လိုက်သည်နှင့် နာမည်ကြီး ကျောင်းအနိုင်ကျင့်လေးက လူတောမတိုးတဲ့ ထိပ်ဆုံးကျောင်းသားလေးကို နံရံမှာဖိထားလျက် သူ့ကော်လာကိုလဲ ကြမ်းကြမ်း ဆွဲထားတာကို သူ တွေ့လိုက်ရ၏။
သို့နှင့် သူဟာ အမြန်ပြေးသွားပြီး ကျောင်းသားနှစ်ယောက်ကို လူခွဲလိုက်ရလေသည်။ သူဟာ လက်မောင်းဖွင့်၍ ကျန်စုန့်ယိအား စိတ်မကောင်းဖြစ်စွာ ကြည့်လာ၏။ " မင်းက ဘယ်လိုတောင်မင်းထက်အားနည်းတဲ့လူကို အနိုင်ကျင့်နိုင်ရတာလဲ? "
ကျန်စုန့်ယိ : အားနည်းတယ်? ပေါင်မင်ဟုန်ဟာ ပေါ်ဟွိုက်ရဲ့ ကိုယ်လုံးကိုယ်ထည်ကို မှန်မှန်ကန်ကန်မခွဲနိုင်တော့တဲ့အထိကန်းနေပြီလား?
ပေါင်မင်ဟုန်ဟာ ပေါ်ဟွိုက်အကြောင်းကောင်းကောင်းမသိပေ၊ သူ့အဖေနဲ့ သူ့အဖိုးကလွဲရင်ပေါ့။ ပြီးတော့ သူကိုယ်တိုင်ကလဲ အေးစက်စက် ပုံစံ၊ လေးနက်သည့်အမူအရာတို့ဖြင့် စကားနည်း၍ မွှေပြီး ပြဿနာမရှာတတ်တဲ့ အဖြစ်မှန်တွေကိုလဲ သိထားရ၏။
သို့သော် သူဟာ ကျန်စုန့်ယိကို ကောင်းကောင်းကြီးသိလေသည်။ ကျန်စုန့်ယိဟာ သူ့အဖေ ၊ သူ့အဖိုးထိ တစ်လျှောက်လုံးသူများနဲ့မတူအောင် ဉာဏ်ကောင်းသည့်တိုင် သူ့ကိုယ်သူ ပြဿနာထဲထည့်ဖို့ကိုတော့ ဘယ်တော့မှ မရပ်တန့်နိုင်ဘူး! သူဟာ စာသင်ခန်းမှာအိပ်သည်၊ အတန်းနောက်ကျမှရောက်သည်၊ ပြန်ရင်ကျ စောစောစီးစီးပြန်လေသည်။ သူဟာ ရန်ဖြစ်တတ်ပြီး ဆရာတွေကိုလဲအာခံတတ်ကာ နိုင်ငံတော်အလံတိုင်အောက်မှာတောင် အရူးလိုတွေ ပြောသေးတာ!
ESTÁS LEYENDO
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Romance两A相逢必有一O [ When Two Alphas meet, one is an Omega ] by "Li Dongren" ||Burmese Translations|| Genre-Comedy,Romance,School Life,Slice of Life,Yaoi Total - 89 chapters + 7 extras CP : Bo Huai & Jian Songyi This Story has nothing to do with me.This is Fa...