『သူက မင်းနဲ့ မယှဉ်ပြိုင်နိုင်ဘူး』
သူတို့က ညီအစ်ကိုတွေပဲလေ။
သူက ရေခဲတုံးလဲ ဖြစ်နိုင်သလို သူက ခေါင်းအုံးလဲ ဖြစ်နိုင်တယ်။ များများစားစား ကွဲပြားသွားမှာမှ မဟုတ်တာ။
ထပ်ပြောရရင် အခုဆို သူတို့က အတော်လေး ရင်းနှီးလာခဲ့ပြီ မဟုတ်လား?
ကျန်စုန့်ယိက သုံးစက္ကန့်မျှလေးလေးနက်နက်တွေးလိုက်ပြီး သူ့ ကိုယ်နေဟန်ထားကို ပြုပြင်ပြီးပြီဖြစ်သည်။လေးစက္ကန့်မြောက်မှာပဲသူ့အကြံအစည်လေးဟာ သရဲလို မြည်ကြွေးသံတစ်ခုထံမှ ပိတ်ဆို့ခံလိုက်ရသည်။
"စုန့်ကော! ဒယ်ဒီ! ဒယ်ဒီကျန်! ကျေးဇူးပြုပြီး ဒယ်ဒီ့ ကလေးလေးတွေကို ကယ်ပါဦး !!!!"
ဘယ်က ပေါ်လာမှန်းမသိတဲ့ ယန်းယွဲ့က ကျန်စုန့်ယိပေါင်ကို လာဖက်လေသည်။
ပေါ်ဟွိုက်: "..."
ကျန်စုန့်ယိ: "..."
ယန်းယွဲ့က မြေကြီးပေါ်တွင် လူးလှိမ့်နေပြီး ကျန်စုန့်ယိရဲ့ပေါင်ကိုလဲ ဖက်ထားပြန်သည်။
"ဒယ်ဒီ, ငါ့ကို ဘယ်လိုပစ်ရမလဲသင်ပေးပါ ဟုတ်ပြီလား? မင်းသိလား ငါမနေ့က testမှာ ၃ကီလိုတောင်အပြည့်ပြေးလိုက်ရတာ!"
"သူက ပစ်ချက်ဆယ်ခုမှာ တတိယကွင်းထဲကိုတောင် မဝင်ဘူး။ နည်းပြကသူ့ကို ပြစ်ဒဏ်တောင် ခွဲပေးလိုက်ရတယ်။ တကယ်စိတ်မချမ်းသာစရာပဲ."
ကျန်စုန်ယိ: "..."
ရွှီကျားရှင်းကပါ ဘယ်ချောင်က ရောက်လာတာတုန်း?
ခေါင်းကိုက်သွားသဖြင့် သူ့မျက်ခုံးများကို ဖိချလိုက်သည်။
"မျက်ကန်းလိုပစ်ပြီး ကံလုံးဝကောင်းမနေရင်တောင် မင်း ဒီလောက်တော့ မဆိုးဘူးမဟုတ်လား?"
"မဟုတ်ဘူး စုန့်ကော! ငါက ဗိုက်ခေါက်ထွက်နေလို့ပါ။ ငါ မြေကြီးနဲ့ ကပ်နေအောင် မဖိနိုင်ဘူး!"
"..."
သောက်ကျိုးနည်း ဆင်ခြေတွေအပြည့်နဲ့!
KAMU SEDANG MEMBACA
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Romansa" မင်းက ငါ့ရဲ့ ကျန်စုန့်ယိ " ပေါ်ဟွိုက် x ကျန်စုန့်ယိ