2A1O Chapter《56》

7.4K 956 34
                                    

|| Unicode ||

" အသေးလေး မင်း လိပ်ပြာလုံရဲ့လား "


ပထမ ကိုယ်ပိုင်-စာကြည့်ချိန်အတန်း​၏ တစ်ဝက်ကိုရောက်နေပြီဖြစ်တာကြောင့် ကော်ရစ်တာက လူမရှိပါဘဲ တိတ်ဆိတ်နေခဲ့သည်။

ကော်ရစ်တာ အပြင်ဘက်၌ မိုးဖွဲဖွဲရွာနေပြီး တစ်စုံတစ်ယောက်ရဲ့ အသက်ရှူသံ ညင်းညင်းတို့ကို ဖုံးကွယ်ထားဖို့ လုံလောက်လေသည် ။

ပထမထပ် မှာ လူမရှိ။ သို့ပေမယ့် ပုန်းကွယ်နေတဲ့ အရိပ်တွေက ကော်ရစ်တာထောင့်မှာ ရစ်ဝဲနေပြီး လှေကားတို့က တြိဂံပုံသဏ္ဍာန်နေရာလွတ်က လှေကားနားမှာရှိနေသည်။

အချိန်၊ နေရာနဲ့ မိုးသံရစ်ဝဲဝဲတို့ဟာ ကျောင်းတွင်းထဲမှာ ချစ်သူရည်းစားတွေ အနမ်းဖလှယ်ဖို့ရာအတွက် သင့်တော်လှပေသည်။

အားလုံးက မှန်ကန်နေသည်ပင်။

ကျန်စုန့်ယိက ပေါ်ဟွိုက်ရဲ့ လက်ကောက်ဝတ်ကို လက်တစ်ဖက်နဲ့ဆွဲပြီး နံရံမှာ ဖိကပ်လိုက်သည်။ သူက ပေါ်ဟွိုက် လက်ကောက်ဝတ်ကို သူ့ခေါင်းဘေးမှာ နေရာချထားပြီး ကျန်စုန့်ယိဟာ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးရှိနေသည်မှာ အသာစီးရထားပါတဲ့ လူဆိုးတစ်ယောက်ကဲ့သို့ပင်။

ပေါ်ဟွိုက်ကလဲ အရမ်းကို ပူးပေါင်းပါဝင်ပေးထားပြီး ကျိုးနွံနာခံတဲ့ roleကို ပုံဖော်ရင်း အသက်မပါဘဲ ထိုနေရာတွင်ရပ်နေခဲ့လေသည်။

ထိုနည်းဖြင့် သူတို့နှစ်ယောက်ရဲ့ ကျူးကျူးလွန်လွန်ဖြစ်နေသော ကိုယ်နေဟန်ထားတွေဖြင့် နေရာကျဉ်းကျဉ်းလေးထဲမှာ ပုန်းကွယ်နေခဲ့ကြပြီး တစ်ယောက်စီရဲ့ ရင်ခုန်သံကို ရှင်းလင်းစွာနားထောင်နေကြပြီး အသက်ရှူသံတွေကိုလဲ ခံစားနေခဲ့ကြသည်။

ကျန်စုန့်ယိ မျက်လုံးတွေက ပေါ်ဟွိုက် နှုတ်ခမ်းပေါ်ကျရောက်သွားရ​၏။

ပေါ်ဟွိုက်က သူ့ကို အရင်က အကြိမ်ပေါင်းများစွာ နမ်းဖူးသော်လည်း ကျန်စုန့်ယိအတွက် ချိုမြိန်ခြင်းလေး ထိခတ်လာသလို ခံစားရသည့်နှယ် ဖွဖွလေး ထိရုံမျှသာဖြစ်၏။ သူတို့တွေ ယင်းကို ဘယ်တုန်းကမှ မမွေ့လျော်ခဲ့ကြပါချေ။ ယင်းက တစ်ယောက်ချင်းစီရဲ့ အရသာကို ပွတ်တိုက်မိရုံမျှသာ အမြဲတစေဖြစ်ခဲ့ပေသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now