" အချစ်အတွက် ခေါင်းပြောင် "
နေရောင်ထဲ၌ မည်သည်အသစ်အဆန်းမှမရှိနေ။
ညတာရှည်စွာ သောက်စားသီဆိုပြီးသည့်နောက် ကျန်စုန့်ယိ နိူးလာခဲ့လျှင် သူ့ခေါင်းဟာ ထပ်ပြီးထုနှက်ခံရသလို ခံစားရ၏။ ကံမကောင်းစွာနဲ့ ဒီတစ်ခါကတော့ အရင်တစ်ခေါက်က ညထက် အများကြီးပိုဆိုးနေသည်။
သူ ချက်ချင်း မျက်မှောင်ကြုတ်၍ စောင်အောက်ကို ပြန်လျှိုဝင်လိုက်ပြီး ပြန်အိပ်ချင်ခဲ့သည်။
မည်သို့ဆိုစေ လှေကားတစ်လျှောက် ဧည့်ခန်းဆီမှ ဆူညံသံတစ်ခုက သူ့ရဲ့ ကြီးထွားနေသော ခေါင်းကိုက်ခြင်းကို ပိုဆိုးအောင်လုပ်နေခဲ့၏။ ယင်းက သူ့ဒူးထဲက နာကျင်မှုကိုတောင် နှိုးဆွနိုင်ခဲ့လေသည်။
၎င်းက ရုတ်တရက်ကြီး ဘာကြောင့်နာနေသလဲဆိုတာ သူ သိချင်မိသော်လည်း သူ့မှတ်ဉာဏ်တွေဟာ သော့ခတ်သိမ်းခံလိုက်ရသလိုပင်။ ထိုနေ့ညက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို မှတ်မိရန် ကျန်စုန့်ယိ အဖို့ နည်းနည်းလေး ပိုပြီးတောင်အားထုတ်လိုက်ရသည်ဖြစ်၏။တွေးကြည့်ဖို့ရာ ဆန္ဒမရှိ ပျင်းတွဲတွဲဖြင့် သူဟာ ခေါင်းအုံးနှင့် စောင်ကြားထဲကို သူကိုယ်သူ နှစ်ဝင်လိုကိသည်။ သူ့မျက်လုံးတွေကို မှိတ်ထားရင်း ဦးနှောက်က ဟင်းလင်းဖြစ်နေသည်မှာ တစ်ဝက်အိပ်၊တစ်ဝက်နိုးအခြေအနေကို ပြသနေတာပင်။
ခဏအကြာမှာတော့ အောက်ထပ်က အသံက ပျောက်ကွယ်စပြုလာ၏။ သူ တံခါးပိတ်လိုက်သံကိုပင် ကြားလိုက်ရကာ၎င်းနောက် ကျန်စုန့်ယိ အပေါ်ထပ်ကို တက်လာသည့်ခြေသံတွေနှင့် သူ့တံခါးကို ဖွင့်လိုက်သည်များအား ကြားလိုက်ရလေသည်။
ကျန်စုန့်ယိ စစ်ကြည့်နေစရာမလို၊ သူဟာ ပေါ်ဟွိုက်ဖြစ်နေကြောင်းသိနှင့်ပြီးသားဖြစ်တာကြောင့် လက်ကလေးတောင်လှုပ်ချင်မနေခဲ့ပါ။
မကြာမီမှာပင် ညင်သာသည့် အနမ်းတစ်ပွင့်က သူ့နဖူးပြင်ပေါ်ကို ကျလာခဲ့သည်။ " လိမ္မာတဲ့ကောင်လေး... ထပြီး ဒီပျားရည်နွေးကို သောက်လိုက်အုံး။သောက်ပြီးရင် ပြန်အိပ်လို့ရတယ် "
BẠN ĐANG ĐỌC
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Lãng mạn" မင်းက ငါ့ရဲ့ ကျန်စုန့်ယိ " ပေါ်ဟွိုက် x ကျန်စုန့်ယိ