2A1O Chapter《21》

10.5K 1.3K 40
                                    


UNICODE 


『ဒါက ဘယ်သူကငါ့အပေါ်ကောင်းပေးနေလဲဆိုတာကို မပြောနိုင်တာမျိူးမဟုတ်ဘူး』



သူ့ အသံမှာအရမ်းကို ပျော့ဖတ်နေသောကြောင့် မေးခွန်းနဲ့ စပ်ကြားအသံတွင်ပင် မပီသသည့်အသံလေးက ရစ်တဝဲဝဲနှင့် လှိုင်းထနေခဲ့သည်။

ပေါ်ဟွိုက် နှုတ်ခမ်းတို့မှာ မပြုံးလိုက်ဘဲ မနေနိုင်တော့ပေ။

"ငါတကယ်တော့ စဉ်းစားနေခဲ့တာ, ပြစ်ဒဏ်တွေက ထောင်ဒဏ်သုံးနှစ်ကနေ စပြီး သေဒဏ်အထိ ရှိတယ်နော်! တကယ့်ကို မထိုက်တန်ဘူးပဲ"

ကျန်စုန့်ယိ: "..."

ပေါ်ဟွိုက်က သူ့ကို ဘယ်တော့မှ ဘာမှလုပ်မှာ မဟုတ်ပါဘဲ သူ့ကိုလဲ ဘာလုပ်ဖို့မှ စိတ်မဝင်စားတဲ့လူ ဖြစ်ကြောင်း သဘောပေါက်လိုက်သောအခါ သူ့နားလေးများမှာ ရဲစွေးလာရသည်။

ပေါ်ဟွိုက်က ထရပ်လိုက်သည်,"စောင်ကိုဖွင့်လိုက်! ခဏလောက်တော့ အေးနေအောင်လို့၊ ဒါမှ မင်း အပူတွေကြောင့် မသက်မသာမဖြစ်တော့မှာ။ ငါ မင်းအတွက် inhibitor သွားယူပေးမယ်"

"မလုပ်နဲ့, ငါ့ဘာသာ လုပ်မယ်."

ကျန်စုန့်ယိက ထရပ်လိုက်ပြီး အိတ်ထားရာနေရာသို့ လျှောက်သွားဖို့ ပြင်လိုက်သော်လည်း ရုတ်ခြည်းပင် သူရဲ့ခြေထောက်များမှာပျော့ခွေလာရပြီး ခန္တာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ ချော်ကျသွားလေသည်။

ပေါ်ဟွိုက်ရဲ့မျက်လုံးများနဲ့ လက်တို့က အလွန်လျင်နေသောကြောင့် သူက တည့်မတ်သွားအောင် ဖမ်းထားလိုက်သည်။သူ့လက်မောင်းကို လက်တစ်ဖက်နဲ့ မ,ပေးထားပြီး တစ်ဖက်ကတော့ ခါးကို ဖိထားခဲ့ရာ ကျန်စုန့်ယိမှာ အားမရှိတော့သဖြင့် သူ့တစ်ကိုယ်လုံးနီးပါး ပေါ်ဟွိုက်ပေါ်မှာ ဖိချထားသလိုဖြစ်နေရသည်။

ပါးလျတဲ့ချည်သား တီရှပ်မှာ အိုမယ်ဂါ Heatဖြစ်ချိန်ရဲ့ ပူနွေးနေမှုကို ကာကွယ်ဖို့ မလုံလောက်သဖြင့် ပေါ်ဟွိုက်ရဲ့ အသက်ရှူနှုန်းတွေမှာ အနည်းငယ်လေးလံလာရသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်حيث تعيش القصص. اكتشف الآن