2A1O Chapter 《11》

11.5K 1.5K 71
                                    

"တောင်တစ်ထွဋ်မှာ Alphaနှစ်ယောက်ရှိလို့မရဘူး"

ကျန်စုန့်ယိတစ်ယောက် စာမေးပွဲတွင်ကောင်းကောင်းလုပ်နိုင်ခဲ့သည်။

အခြေခံအားဖြင့် ကျန်စုန့်ယိက တွေးခေါ်ရသည့် မေးခွန်းများတွင် သူ​၏ ကိုယ်ပိုင် ယူဆချက်များကို ​ထည့်သွင်းနိုင်ခဲ့ပြီး သူ​၏ သိုဝှက်ထားသော အတွေးများကို ထိန်းထားနိုင်ခဲ့သဖြင့် အမှတ်ပိုမြင့်မြင့်ရဖို့ မခက်ခဲတော့ပေ။

အခြား အခန်းသုံးဘာသာတွင်လည်း စတင်လေကတည်းကောင်းစွာလုပ်နိုင်ခဲ့သည်။ သူပုံမှန်အတိုင်း ကောင်းစွာလုပ်နိုင်နေသရွေ့အဆင်ပြေနေမည်ဖြစ်သည်။

ထပ်လောင်းအနေဖြင့် ဟွမ်ဖုယိက သူနှင့်အတူ စာမေးပွဲခန်းအတူကျတာဖြစ်ပြီး သူ့အနီးတွင် ထိုင်ရလေသည်။ သူ စောစော စာဖြေပြီးချိန်တိုင်း အကျပ်ရိုက်၍ တွေဝေနေသော ဟွမ်ဖုယိကို မြင်နေရ​၏။ နောက်ကျကျန်ရစ်နေပြီး ဆက်၍ အကျပ်ရိုက်နေကာ နောက်ဆုံးမှာတော့ဗလာကျင်းသည့်အမူအရာသို့ပြောင်းသွားလေသည်။ ကျန်စုန့်ယိ​၏ စိတ်အခြေအနေမှာတော့ အလွန်ကို ကောင်းမွန်နေလျက်ရှိ​၏။

သူ့အတွက် စိတ်အခြေအနေကောင်းနေလေလေ မေးခွန်းများက ကိုင်တွယ်ဖို့ လွယ်လေလေပင်။

နှစ်ရက်ကြာမျှ စာမေးပွဲဖြေပြီးနောက် ပေါ်ဟွိုက်ကိုလည်း နှစ်ရက်ကြာသည့်တိုင်အောင် မတွေ့ရချေ။ ညရောက်သောအခါ သူပို့ခဲ့သည့်messageအတွက် [အင်း]ဟူသော replyကို ပြန်ရခဲ့သည်။

ကျန်စုန့်ယိမှာ ပေါ်ဟွိုက်သည် တကယ် ရိုင်းပျပြီး အေးစက်စက်နှင့် အကြင်နာမဲ့သည်ဟု ခံစားရ​၏။

အဲ့ဒီတော့ ကိုယ်ပိုင်စာကြည့်ချိန်ပေးတဲ့နှစ်ရက်အတွင်း သူ့ကို အရင်စပြီး စကားမပြောဘူးပေါ့လေ။ သူ့အမူအရာသည် အေးစက်လည်းမနေ၊ မှောင်မိုက်လည်းမနေပေ။ ဒီအတိုင်း ပျင်းနေတာသာဖြစ်​၏။

သူ့မျက်နှာပေါ်တွင်တော့ "ဒီသခင်အိုလေးက နည်းနည်းမပျော်မရွှင်ဖြစ်နေပါပြီ" လို့ ရေးထားသလိုဖြစ်နေသည်။

ပေါ်ဟွိုက်သည် သူ့ဘာကြောင့်မပျော်မရွှင်ဖြစ်နေရသလဲဆိုတာသိသည်။ သို့တိုင် ရှင်းပြဖို့ ရည်ရွယ်ချက်မရှိပေ။ သူ့တွင် တစ်ပါးသူကို မပြောပြလိုသော အချိူ့အရာများ ရှိသည်။အထူးသဖြင့် တစ်ပါးသူက ကျန်စုန့်ယိ,ဖြစ်နေရင်ပေါ့။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်حيث تعيش القصص. اكتشف الآن