" ငါက Omegaတစ်ယောက် "
ကျန်စုန့်ယိ အတန်းထဲပြန်ရောက်ချိန်မှာတော့ သူသိပ်မပျော်နေပေ။
အစောတုန်းက Omega နှစ်ယောက်ရဲ့ စွပ်စွဲချက်တွေကို ယောင်ဝါးဝါးကြားပြီးနောက်၊ ကျန်စုန့်ယိမှာ သူတို့တွေဟာ သူOmegaတစ်ယောက်ဖြစ်နေနိုင်တယ်ဆိုတာထက်၊ ဘာကြောင့်များ သူကနှာဘူးဖြစ်နိုင်တယ်လို့ ယုံကြည်နေကြလဲဆိုတာကိုနားမလည်နိုင်ပါချေ။
သူက လူတွေရဲ့ နှလုံးသားထဲမှာ နင့်နင့်နဲနဲကို အမြစ်တွယ်နေတာများလား?
ပေါ်ဟွိုက်က ကျန်စုန့်ယိ သန့်စင်ခန်းသွားပြီး ဘာကြောင့်မပျော်နေရသလဲ မသိတာကြောင့် တစ်ချက်ကြည့်လာခဲ့၏။ " ဘာဖြစ်လို့လဲ? "
ကျန်စုန့်ယိက ခေါင်းလှည့်လိုက်၍ ပေါ်ဟွိုက်ကို လေးလေးနက်နက်မေးလာသည်။ " ငါက ချစ်စရာမကောင်းဘူးလား? "
ပေါ်ဟွိုက်အဖြေကို မစောင့်ပါဘဲ ရွှီကျားရှင်း၊ယန်ယွဲ့နဲ့ ယွီဇစ်ကော်တို့ဟာ သရဲဇာတ်လမ်းကြားလိုက်ရသည့်အတိုင်းကြောက်လန့်တကြားမျက်ဝန်းများဖြင့် တပြိုင်တည်းခေါင်းလှည့်၍ ကျန်စုန့်ယိကို ကြည့်လာကြသည်။
ယင်းက ကျန်စုန့်ယိကို ပိုလိုတောင် စိတ်မချမ်းမသာဖြစ်သွားစေ၏။
သူတို့က ဘာလို့ဒီလိုလာကြည့်နေတာလဲ?
ပေါ်ဟွိုက်တစ်ယောက်ကသာ အလွန့်အလွန် လျစ်လျူရှု၍ " မင်းက ချစ်ဖို့ကောင်းပါတယ်။ "
ဖြတ်သွားဖြတ်လာတို့၏ မျက်လုံးတွေက ပိုပြီးတောင် ကြောက်ရွံလာကြတော့သည်။
မစ္စတာလုရွှမ်ပြောတာမှန်သည်။ အချစ်ကလူကို အမှန်တကယ် စုံလုံကန်းစေသည်။
ရွှီကျားရှင်းက သေလမ်းဆွဲခေါ်နေတဲ့ သူ့ပါးစပ်လေးကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဖွင့်လာ၍ " ပေါ်ယဲ မင်းမျက်မှန်လဲသင့်နေပြီ"
ပေါ်ဟွိုက်က ဖြည်းဖြည်းချင်း မျက်လွှာပင့်၍ ရွှီကျားရှင်းအား တစ်ချက်ကြည့်၏။ ယင်းကပင် ရွှီကျားရှင်းကို တတ်နိုင်သမျှ မြန်မြန် ပါးစပ်ပိတ်သွားစေပါသည်။
YOU ARE READING
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Romance" မင်းက ငါ့ရဲ့ ကျန်စုန့်ယိ " ပေါ်ဟွိုက် x ကျန်စုန့်ယိ