『Unicode』
" ဒီစတော်ဘယ်ရီကို ဘယ်သူစိုက်တာလဲ "
" ဘာကို သုံးခါပဲ သည်းခံမှာလဲ.."
သူပြောတာမှာ ကျန်စုန့်ယိကြောင်အသွားရသည်။ ဒါက သူ Heat ဖြစ်တိုင်း ပေါ်ဟွိုက်က သူ့တင်ပါးကို သုတ်ပေးနေရတာကြောင့်ဖြစ်ရပေမည်။ သူလည်း ငြီးငွေ့နေလောက်၏။
သူ့အသံကို နိမ့်လိုက်ပြီး ဖျော့တော့တော့နဲ့ ခုခံသည်။
" ငါ့အတွက် ပထမဆုံးအကြိမ် Omegaဖြစ်တာဆိုတော့ ငါ့မှာ အတွေ့အကြုံမရှိဘူး..."
"ငါကရော ဒုတိယအကြိမ် Alphaဖြစ်နေတာမို့လို့လား? "
ပေါ်ဟွိုက်က ဗူးတွေ၊ ဖန်ပုလင်းတွေ အပ်တွေကို လွယ်အိတ်အောက်ခြေထဲ ထည့်လိုက်ပြီး ဇစ်ပိတ်လိုက်ရင်း ကျန်စုန့်ယိကို သရော်တဲ့တဲ့ အကြည့်တစ်ချက်ပေးလိုက်သည်။
ကျန်စုန့်ယိက ဖြူရော်စွာ ပြန်ခုခံသည်။
"ငါက Alpha ပဲလို့ တွေးခဲ့လို့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတန်းတွေ ကောင်းကောင်း မတတ်ခဲ့ရဘူး .."
အမှန်အတိုင်းဆိုရပါက ပေါ်ဟွိုက်သည် ကျန်စုန့်ယိထက်ပင် Omega အကြောင်းကိုတကယ် ပိုသိနေသည်။ ဘာပဲဖြစ်ဖြစ် အလယ်တန်းပထမနှစ်မှာတုန်းက သူ Omegaတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး အတန်းအား ဂရုတစိုက်နဲ့ သင်ကြားခဲ့သည်ပင်။
ဒါကိုတွေးရင်း ကျန်စုန့်ယိက ရုတ်တရက်မေးလို့လာ၏။
"ရှောင်ပေါ်, မင်းက Omegaလို့တွေးမိတုန်းက ဇနီးကောင်းနဲ့ မိခင်ကောင်းဖြစ်ဖို့ဆိုတဲ့ ထွေရာလေးပါး စိတ်ကူးလေးတွေ မရှိခဲ့ဘူးလား?"
ပေါ်ဟွိုက်က သူ့ကို စိုက်ကြည့်ရင်း,
"အခုမင်းက မင်း Omegaမှန်း သိနေပြီဆိုတော့ ဇနီးကောင်းနဲ့မိခင်ကောင်း ဖြစ်ချင်နေပြီလား?"
ကျန်စုန့်ယိ : ". . . မင်းက လာခွဲခြားနေတာပဲ! ငါမင်းကို အထင်သေးနေပြီ"
အကျိူးကြောင်းမသင့်လိုက်တာ..
ပေါ်ဟွိုက်က ကျန်စုန့်ယိကို အကြောင်းပြချက်ပေးရန် အစီအစဉ်မရှိခဲ့။ သူ့အခြေအနေက ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်လာတာကို တွေ့တဲ့အခါ သူ့အိတ်ကို ယူ၍ ထွက်သွားတော့သည်။
BẠN ĐANG ĐỌC
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Lãng mạn" မင်းက ငါ့ရဲ့ ကျန်စုန့်ယိ " ပေါ်ဟွိုက် x ကျန်စုန့်ယိ