" ပေါ်ဟွိုက် အလာကို စောင့်ကြရအောင် ”
စွပ်ပြုတ်သည် မအေးပေ။ သို့သော် ယနေ့အတွက်မူ ကျန်စုန့်ယိမကြိုက်တတ်သော ငါးကြင်းစွပ်ပြုတ်ဖြစ်သောကြောင့် သူက ဇွန်းဖြင့်သာမွှေနှောက်နေမိ၏။ စာသင်ခန်းထဲက လောဘကြီးတဲ့ လူများကတော့ သူတို့၏တွံတွေးများကို မြိုချနေရသည့်တိုင် သူ့အမူအရာကတော့သေလမ်းကိုလျှောက်နေရသော ကိုယ်ကျိူးစွန်ခံလူသားနှယ် အသက်မပါချေ။
ပေါ်ဟွိုက်မှာဆက်၍ မကြည့်နိုင်တော့။သူက မျက်မှန်ကိုချွတ်လိုက်၍ မျက်ခုံးများကို ကျုံ့လိုက်သည်။
"နောက်ဆုံးတော့ မင်းအသက်ကြီးလာသလောက် ဘာလို့မဖွံ့ဖြိုးရသလဲဆိုတာ ငါသိလိုက်ပြီ"
အသက်၁၇နှစ် နှင့် ၁.၈၃မီတာရှိသော ကျန်စုန့်ယိ : "..."
၁.၈၃မီတာ အရပ်အောက် နိမ့်သော လူများ : "...."
ကျန်စုန့်ယိက ဇွန်းကို ဘေးဘက်ပို့လိုက်သည်။
"ကောင်းကင်ကြီးပြည့်သွားအောင်ထိ ထွားဖို့လိုတာလား?"
"အန်တီက မင်းကအရမ်းပိန်နေတယ်လို့ပြောပြီး မင်းအတွက် အထူးလုပ်ပေးလိုက်တာ။ ဒါပေမဲ့ သူမက နံနံပင်နဲ့တရုတ်နံနံမထည့်ရလို့ ငါးအရသာပျောက်အောင် အချိန်အကြာကြီးယူလုပ်ထားရတာ"
ပေါ်ဟွိုက် လွယ်လွယ်ပင် ကျန်စုန့်ယိ၏ အားနည်းချက်ကို တွေ့လိုက်ရသည်။
သေချာသလောက်ပင် ကျန်စုန့်ယိတစ်ယောက် အင်တင်တင်ဖြစ်နေသည့်တိုင် ခုထိ ဇွန်းကို ကိုင်ထားတုန်းဖြစ်ပြီး အသက်ရှူလိုက်၍ဖြည်းဖြည်းချင်း သောက်တော့သည်။
အချိန်တစ်ဝက်လောက်မှာပင် အတန်း၏ မော်နီတာ ယန်ယွဲ့က တစ်ခုခုပြောချင်နေသည့်ပုံဖြင့် ရောက်လာခဲ့သည်။ သို့သော် ပေါ်ဟွိုက်ကမူစိတ်မပါသည့်ပုံစံဖြင့်သာကြည့်လာ၍ သူလည်ယ သူ့ပါးစပ်ကို ပိတ်ထားကာ သူ့ဘေးတွင် ရပ်နေလိုက်ပြီး သခင်ငယ်လေးစွပ်ပြုတ်သောက်ပြီးချိန်ထိ စောင့်နေလိုက်သည်။
ထို့နောက် သူကပြောလာသည်။
"လောင်ပိုင်နဲ့ လောင်ပေါင်က ဆရာရုံးခန်းကို လာဖို့ မင်းတို့နှစ်ယောက်ကို ရှာနေတယ်။ ရုံးခန်းကို သုံးမိနစ်အတွင်းမရောက်ရင် မင်းတို့ နှစ်ဆအပြစ်ပေးခံရမယ်တဲ့"
YOU ARE READING
Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်
Romance" မင်းက ငါ့ရဲ့ ကျန်စုန့်ယိ " ပေါ်ဟွိုက် x ကျန်စုန့်ယိ