part 1

8.3K 359 12
                                    

our first meeting is not romance💔💔💔

ပေကျင်းမြို့ရဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကောင်လေးတစ်ယောက်luggageအိတ်လေးဘေးချ ဒူးပေါ်လက်တင်ဆောင့်ကြောင့်ထိုင်လို့
အိမ်ကလူတွေရဲ့လာအကြိုကိုစောင့်နေတယ်

"ဦးလေးဟန်ကျွန်တော်ဒီမှာ"

အရပ်အရှည်ကြီးမှအားမနာ ခုန်ဆွခုန်ဆွနဲ့ကောင်လေးကလူတိုင်းရဲ့ မျက်လုံးထဲမှာချစ်ချင်စရာအတိ

"လာလာ သားကျန့်ရေ"

အနားကိုအပြေးလေးလာချွဲနေတဲ့ကောင်လေးကအသက်30ပြည့်ပြီဆိုတာယုံနိုင်ဖွယ်ရာမရှိ

"ဦးလေးဟန် ပါးပါးနဲ့မားမားရော နေကောင်းတယ်မလား ခုလဲခရီးသွားစရာရှိလို့ကျွန်တော့်ကိုလာမကြိုနိုင်ပြန်ဘူးလား"

ခေါင်းငုံ့သွားတဲ့ဦးလေးဟန်ရဲ့ မျက်ဝန်းတွေကဝမ်းနည်းရိပ်သန်းနေတာကို ဒီကောင်လေးသာ
သေချာကြည့်တတ်ရင်မြင်ခဲ့သင့်တာ

"လာပါ သားကျန့်ရယ် ဦးလေးတို့အိမ်ရောက်မှဆက်ပြောကြရအောင်လာ "

"arr ဟုတ်သား ပါးနဲ့မားကမျှော်နေရောပေါ့
လာလာကျွန်တော်တို့မြန်မြန်သွားကြရအောင် ဦးလေးဟန်"

ဦးလေးဟန် သက်ပြင်းတစ်ချက်ချလို့ မြူးကြွနေတဲ့ကောင်လေးနောက်ကနေလေးလေးပင်ပင်ခြေလှမ်းတွေနဲ့လိုက်သွားမိတယ်
ဒီကလေးရဲ့မျက်နှာမှာအပြုံးတွေပိုကြာကြာရှိနိုင်ဖို့အိမ်အပြန်လမ်းနှေးအောင် ကားပိတ်ဖို့ပဲဆုတောင်းရမလိုလို

.

.

.

.

.

.

ရက်ကိုလစား လကိုနှစ်စားလို့ အချိန်အလီလီပြောင်းခဲ့ပြီ ကျွန်တော်ပေးခဲ့တဲ့ကတိကနှစ်ခု

ဟက် လောကထဲမှာရှိမနေသင့်တဲ့ လူယုတ်မာနှစ်ယောက်ကို ပါးနဲ့မားလိုမျိုး တစ်ပုံစံထဲအဆုံးသတ်ပေးနိုင်ခဲ့ပြီးပြီ အဲ့ကတိတစ်ခုတော့ကျွန်တော်တည်နိုင်ခဲ့ပြီ နောက်တစ်ခုကသားစဉ်မြေးဆက်စွဲကျန်နေအောင်လုပ်ဖို့

ကျွန်တော်မျှော်တဲ့နေ့ကိုရောက်လာခဲ့ပြီပဲ

ခင်ဗျားတို့ရဲ့အသည်းအသက်လေးကcanadaကနေပြန်ရောက်လာပြီတဲ့လေ

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now