Extra 1

2.6K 98 8
                                    

Cosmos

And

Forget - me - not

ဝမ်ရိပေါ်တစ်ယောက် Okinawa ကပြန်လာပြီးထဲက အလုပ်တွေပိုလုပ်နေရပြီ
အဲ့ရက်တုန်းက အလုပ်တွေ ပစ်ထားခဲ့တာကို

အိပ်ပြန်လာတာလည်း ဉာဉ့်နက်နေပြီ
ရှောင်ကျန့်ကတော့အမြဲ မအိပ်ပဲ စောင့်နေကြ
အိပ်ခန်းမှာပဲ မအိပ်တာပါ
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာတော့အိပ်ပြီးစောင့်နေကြ
ဒီညလည်း 1 နာရီတောင်ကျော်နေပြီကို ပြန်မလာသေးတဲ့သူကို အိပ်ရင်းစောင့်နေတယ်

1နာရီခွဲလောက်မှာအိမ်ထဲကို ဝင်လာတဲ့ ခြေလှမ်းတစ်စုံက ယိုင်တိုင်တိုင်နဲ့
မျက်လုံးတွေက ရီဝေဝေဖြစ်နေတာတောင် ဆိုဖာပေါ်မှာ အိပ်နေတဲ့သူကိုတော့ သေချာကြည့်နေတုန်းပဲ
ပင်ပန်းနေတဲ့အချိန်မသွားမဖြစ်တဲ့partyတစ်ခုက partners တွေကြောင့် မသောက်ချင်ပေမဲ့သောက်ခဲ့ရပြန်ပြီ
လက်တစ်စုံကလေးလံနေပေမယ့် ဆိုဖာပေါ်မှာ အိပ်နေတဲ့ သူကိုတော့ ချီပြီး အပေါ်ထက်ကို ရအောင်တက်တယ်

ရှောင်ကျန့်သူနှာခေါင်းဝကို အမွှေးနံ့တစ်ခုလာကျီစယ်နေတာကြောင့် နိုးလာတယ်
ရိပေါ်ရဲ့ ရေမွှေးနံ့က သင်းသင်းလေး သူ့ရဲ့ကိုယ်သင်းနံ့နဲ့ ခပ်ဆင်ဆင်ပဲ
ဒါပေမဲ့ ဒီအမွှေးနံ့က ချိုအီအီကြီး
ထင်တဲ့အတိုင်း ရိပေါ်က သူ့ကိုပွေ့လို့ အပေါ်ထပ်ကိုတက်နေပြန်ပြီ
ရိပေါ်ဆီက ဒီအမွှေးနံ့ကို ဒီနေ့မှရတာ ဆိုပေမဲ့
အရင်နေ့တွေကလဲ အမွှေးနံ့တွေ ရရနေတယ်

"ရိပေါ် ပြန်ရောက်လာပြီလား
ငါ့ကိုနိုးပါလို့ပြောထားရက်နဲ့ကို"

"ရပါတယ် ကျွန်တော် ပွေ့နိုင်ပါတယ်ဗျ"

"ဝမ်ရိပေါ် ဘယ် party သွားလာပြန်ပြီလဲ"

"အာ မကောင်းတတ်လို့ ခဏလိုက်သွားရုံပါ"

"ရိပေါ် အမွှေးနံ့က တစ်မျိုးကြီးပဲ"

"ဒါက ကျွန်တော် ရေမွှေးနံ့စမ်းကြည့်နေလို့ပါ"

"omm ထားပါ"

"ဟက် မဟုတ်မှ ခင်ဗျား သဝန်တိုနေတာလား"

"ဝမ်ရိပေါ် ကိုယ့်ယောကျ်ားကို လှေကားပေါ်ကနေကန်ချတဲ့ ဇာတ်လမ်းကြည့်မလား"

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now