Part 7

4.3K 236 7
                                    

I don't wanna be first love
I wanna be last love

************************

ညကဝမ်ရိပေါ်ရဲ့ marshmellow ချစ်ကြောင်း ဒဿနကိုနားထောင်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်လုံးရဲ့အတွေးတွေက အိပ်မက်ကမ္ဘာဆီမှာ နေရာယူလို့နေပြီ
ဝမ်ရိပေါ်ရဲ့ အသက်ရှူသံဖျော့ဖျော့လေးကတော့ရှောင်ကျန့်ရဲ့လည်ဂုတ်နားမှာရှိပြီး နှုတ်ခမ်းထူထူတွေကလည်း လည်ဂုတ်ပေါ်မှာနေရာယူထားတုန်း
လက်တစ်ဖက်လဲခါးကိုသိမ်းဖက်ထားတုန်းပဲ

>>>>>>>>>>>>>>>>>>>>>

မနက်မိုးလင်းတော့ ခါးစပ်နားမှာ တင်းတင်းကြပ်ကြပ်ခံစားနေရတာမို့ငုံ့ကြည့်မိတော့ ရစ်ပတ်ထားဆဲ သန်မာတဲ့ လက်တစ်စုံ

ရှောင်ကျန့် က အိပ်ပျော်နေဆဲ ရိပေါ်ရဲ့လက်ကို မ လို့ ဟိုဘက်ကို အသာလေးလှည့်တယ်
ပြီးတာနဲ့ ရိပေါ်ရဲ့ မျက်နှာချောချောကို စ ငေးတော့တာပဲ

ငါ့ရဲ့ တစ်နေ့တာကတောင်မင်းကိုငေးကြည့်ခြင်းနဲ့ အစ ပြုတတ်နေပြီ ဆိုတာ အိပ်ပျော်နေတဲ့ မင်း သိမှသိပါလေစ

ရှောင်ကျန့်ကငေးလို့ဝတာနဲ့
မဟုတ်သေးဘူး
ဆက်ငေးလို့မရတော့တာ
ရှောင်ကျန့်ကဝမ်ရိပေါ် ကိုငေးလို့ဝသွားပြီဆိုတာ ဘယ်တော့မှမရှိဘူး

ဝမ်ရိပေါ် ကိုကျောပေးလို့ အသာလေးထဖို့လုပ်တယ်
ဒါပေမဲ့ သန်မာတဲ့လက်တစ်စုံက သူရဲ့ခါးကို ချိတ်တစ်ခုအလားရစ်ပတ်ထားတုန်းပဲ
ထလို့မရအောင်တမင် လက်ကိုတောင့်ထားပုံရတဲ့ ရိပေါ်က လက်ကသွေးကြောစိမ်းစိမ်းလေးတွေကိုတောင်မြင်နေရပြီ
ရှောင်ကျန့်ကလဲ မရ ရအောင်ကိုရုန်းပါတယ်
မရတဲ့ အဆုံးမှာတော့ အိပ်ချင်ယောင်ဆောင်နေတဲ့သူကို နှိုးရပါတော့တယ်

"ဝမ်ရိပေါ် ငါ့ကိုလွှတ်ပေးပါဦး ငါမင်းအတွက်မျက်နှာသစ်ဖို့လုပ်ပေးရဦးမယ်
အဝတ်လဲထုတ်ပေးရဦးမယ်
ပြီးတော့ မနက်စာလဲပြင်ရဦးမှာ"

"omm ရှောင်ကျန့်???
နေပါဦး မင်းကဘာလို့ငါ့အခန်းထဲရောက်နေရတာလဲ"

"arrဟိုလေ ငါ ငါက ဟုတ်တယ်
မနက်ကမင်းအခန်းကိုသန့်ရှင်းရေးလာလုပ်ရင်းနဲ့  ဝင်တာ ဟုတ်တယ် အဲ့လိုပဲ"

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now