I want to live you by my side;
because I hate you💘💘💘ရှောင်ကျန့်အတွက် ဒီအိမ်ဟာငယ်ငယ်ထဲကနေလာရတဲ့နေရာတစ်ခု အမှတ်တရပျော်စရာတွေလွှမ်းခြုံနေတဲ့အရိပ်ဆိုလဲ မမှားဘူး
ဒါပေမဲ့ သူ ဒီနေ့မှပဲတစ်ခုခုကိုကြောက်နေသလို ဒီအိမ်ကြီးမှာနေရတာကိုပဲစိုးရိမ်နေသလိုနဲ့
လုံခြုံမှုအစား ကျောမလုံမှုတွေပဲရနေတယ် သူ့ကိုလူတစ်ယောက်ကစိုက်ကြည့်နေသလိုလို ခံစားချက်မျိုးပဲ
ပြီးတော့
သူနောက်နေ့ကစပြီးဒီလိုနေလို့မရတော့ဘူးလေ
အလုပ်လုပ်ရတော့မှာဆိုတော့ သူ့ပစ္စည်းတွေကိုဒီနေ့တည်းကနေရာချထားမှဖြစ်မယ်အတွေးနဲ့အတူ
သူ့ပစ္စည်းတွေကိုနေရာချနေတုန်း"ဟေ့ ကောင်လေး မင်းကိုသခင်လေးကခေါ်ခိုင်းလိုက်လို့ "
အိမ်တော်ထိန်းဦးလေးကြီးရဲ့စကားသံအဆုံး
ကျွန်တော့ကိုလားလို့ ကိုယ့်ကိုယ်ကိုလက်ညှိုးပြန်ထိုးပြီးမေးနေတဲ့ကောင်လေးကို
"omm မင်းကလွဲလို့ဘယ်သူရှိသေးလို့လဲ"ဆိုပြီးအောက်ပြန်ဆင်းသွားတဲ့ ဦးလေးကြီး
တစ်ခုခုတော့ တစ်ခုခုပဲ
ဒီအိမ်ကလူတွေအကုန်လုံးသူ့ကိုအမြင်မကြည်ဘူးလို့ဘာလို့ခံစားနေရတာပါလိမ့်ပစ္စည်းတွေကိုပစ်ထားခဲ့ပြီး အောက်ထပ်ကို ခပ်သွက်သွက်လေးဆင်းလာတဲ့ကောင်လေးကို
လှေကားအဆုံး ထောင့်ချိုးကနေခပ်တည်တည်နဲ့ရပ်ကြည့်နေတဲ့ သူရှောင်ကျန့်ကိုကြည့်နေရာကနေခပ်ဖြည်းဖြည်းမျက်နှာလွှဲလို့ ဧည့်ခန်းထဲကိုလျှောက်သွားတယ်
နောက်ကလိုက်လာတဲ့ရှောင်ကျန့်ကတော့ဆိုဖာပေါ်ကနေရှုတည်တည်နဲ့စိုက်ကြည့်နေတဲ့သူကြောင့်မတ်တပ်ပဲဆက်ရပ်ရမှာလိုလို ထိုင်ပဲထိုင်ရမှာလို့ ကြောင်လို့ကောင်းနေတုန်း
"ထိုင်လေ ဘာလုပ်နေတာလဲ"
ဆိုတဲ့ အမိန့်သံအဆုံး ခေါင်းလေးငြိမ့်လို့ဆိုဖာပေါ်ထိုင်မိတော့
"ဘယ်သူကဆိုဖာပေါ်ထိုင်ဖို့ပြောလို့လဲ ဒီအိမ်တော်ရဲ့သခင်လေးဖြစ်တဲ့ငါနဲ့တောင် တန်းတူထိုင်ရဲတာ ဘယ်ကသတ္တိမျိုးနဲ့လဲ"
အခုမှတွေ့ဖူးတဲ့လူတစ်ယောက်ရဲ့အော်သံကရှောင်ကျန့်ကိုယ်လေးတောင် တုန်တက်သွားစေတယ် ဒါပေမဲ့ ဝန်ခံပါရစေ အဲ့ဒီလူ
မိတ်ဆက်ပေးတုန်းကကြားလိုက်တာတော့ ဝမ်ရိပေါ်ဆိုလားပဲ
သူ့အသံကဒေါသသံပါတာတောင်ဩရှရှနဲ့ နားထောင်လို့ကောင်းနေတုန်း
YOU ARE READING
𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]
Fanfictionကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မသိမသာရော သိသိသာသာပါ ဝင်ရောက်တယ် [ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ] Zawgyi ကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မ...