Part 10

4.7K 196 26
                                    

Can we kiss forever???

You can kiss my lips,neck and shoulders

နောက်ဆုံးမှာတော့ အားလုံးရဲ့ သဘောတူညီမှု နဲ့ ဝမ်ရိပေါ် မသွားချင်တဲ့ barကို သွားခဲ့ ရပြီ
လူတိုင်းရဲ့ မျက်လုံးတွေက အတိုအကျပ် ဝတ်ထားတဲ့ lilyထက် အဖြူရောင်ပါးပါးလေးနဲ့ ရှောင်ကျန့်ဆီရောက်နေတာမို့ တစ်ကယ် ရှောင်ကျန့်လက်ကိုဆွဲပြီး ဒီနေရာကနေထွက်သွားချင်နေပြီ

"လာ ရှောင်ကျန့် မိတ်ဆက်ပေးမယ် ဒီကောင်လေး နာမည်က လင်ကျားယွီ တဲ့
ကျားယွီ ဒါက တို့ပြောတဲ့ ရှောင်ကျန့်လေ"

"aww ရှောင်ကျန့်ကော ကျွန်တော့ နာမည် ကျားယွီပါ ခင်လို့ရတယ်မလား"

"မရဘူး!!!!!"

အဲ့ဒီဝမ်ရိပေါ် ဟာ လုပ်လိုက်ရင် ရုတ်တရက်ချည်းပဲ

"ရှောင်ကျန့်ကငါ့အိမ်တော်က အလုပ်သမား
သူ့မှာအပေါင်းအသင်းထားဖို့ အခွင့်အရေးမရှိဘူး"

"aww အဲ့လိုလား
ကိစ္စမရှိပါဘူး
ကျွန်တော်က အဆင့်အတန်း မခွဲခြားတတ်ဘူးလေ ရှောင်းကျန့်ကောက မခင်ချင်လဲ ကျွန်တော်ကတော့ ရအောင်ခင်မှာပဲ အလုပ်ပြုတ်သွားရင်တောင် ကျွန်တော်က တစ်သက်လုံးစာခေါ်ထားနိုင်ပါတယ်"

"ကဲပါ ရိပေါ်ရယ် ရှောင်ကျန့်လဲ အပေါင်းအသင်းလေး ထားပါစေ "

ရိပေါ်သိနေတယ်
မတူဘူး လုံးဝမတူဘူး
ကျိုးချန် ရှောင်ကျန့်ကိုဆက်ဆံပုံနဲ့ ဒီကောင်ဆက်ဆံပုံနဲ့ ယှဉ်ကြည့်ရင် တော်တော်ကွာခြားလွန်းတာကိုတွေ့ရလိမ့်မယ်

ဒီစကားပွဲ မှာ ပွဲကြည့်ပရိတ်သတ်လုပ်နေတဲ့ ကျိုးချန်က သေချာအကဲခတ်နေပုံ

ရုတ်တရက် lily ကဝမ်ရိပေါ် ရဲ့ ပေါင်ပေါ်ကို ဘေးတစ်စောင်းတက်ထိုင်လို့ လက်တစ်ဖက်က လည်ပင်းကိုသိုင်းဖက်ပြီး နောက်လက်တစ်ဖက်က အရက်ခွက်ကို လှည့်နေလေရဲ့
ပြီးတာနဲ့ ရှောင်ကျန့်ရှေ့ကို အရက်ခွက်ချပေးပြီး

"ရှောင်ကျန့် သောက်ကြည့် တစ်ကယ်ကောင်းတယ်"

"နေပါစေ မသောက်တော့ပါဘူး"

"ရှောင်ကျန့်ကောကြည့်ရတာ မသောက်ဖူးပုံပဲ သောက်ကြည့်ပါ ကောင်းပါတယ်"

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now