If you can hear the voice of my heart;
everything will be better than now>>>>>>>>>>>>>>>>>>
အဲ့နေ့ကပြဿနာတွေအဆုံးမှာ သူတို့နှစ်ယောက်ရဲ့ အခြေအနေကပိုတင်းမာသွားသလို ပိုလဲအဆင်ပြေလာကြတယ်
ခံစားချက်တွေကိုတိတိကျကျသိအောင် ဖွင့်ပြောပြီးတဲ့နောက်မှာ ရှောင်ကျန့်ကဝမ်ရိပေါ်ကို လိုတာထက်ပိုမဆက်ဆံတော့သလို ခိုင်းတာလုပ်တဲ့အခြေအနေမှာပဲရှိနေတယ် ဝမ်ရိပေါ်ဘက်ကတော့ ရှောင်ကျန့်ကို တိုက်ခိုက်ဖို့နည်းလမ်းပြောင်းနေပုံရတယ်
ဒါပေမဲ့ သူမသိတာတစ်ခုက တစ်ချို့နည်းလမ်းတွေကသူများနှလုံးသားနာကျင်စေဖို့အတွက် ကိုယ့်နှလုံးသားတစ်ခုလုံးစုတ်ပြတ်သတ်သွားတဲ့အထိ အရင်းအနှီးလိုတယ်ဆိုတာပဲတီ တီ တီ တီ
phမြည်သံအဆုံးရှောင်ကျန့်ကပဲ phကိုင်လိုက်ရတယ်
"ဟယ်လို ဒါ အစ်ကို ဝမ်ရိပေါ်တို့ အိမ်ကလားမသိဘူးဗျ"
တစ်ဖက်ကခပ်စိမ်းစိမ်းထွက်လာတဲ့အသံကို သူသေချာနားထောင်နေမိပြီ
ဝမ်ရိပေါ် ဆိုတဲ့ စကားလုံးလေးတစ်လုံးကတောင်သူ့ကိုအများကြီးညှို့ယူနိုင်စွမ်းရှိပါတယ်"ဟုတ်ပါတယ်ဗျ ဝမ်ရိပေါ်တော့မရှိပါဘူး ဘာများပြောပေးရမလဲမသိဘူး"
"မဟုတ်ဘူးဗျ အစ်ကိုလေးဝမ်ရိပေါ် barမှာ မူးပြီးရန်ဖြစ်နေလို့ အဲ့တာသူက ဒီphကို မှတ်ထားတာတွေ့လို့ အဆင်ပြေရင်လာခေါ် ပေးပါ့လားခင်ဗျ"
"ဟုတ် အခုလာခဲ့လှည့်မှာမို့ ခဏကြည့်ပေးထားပါနော်"
ဖိနပ်တောင်မလဲနိုင်ပဲကားသော့ကိုယူပြီးပြေးသွားတဲ့ ကောင်လေးကိုကြည့်ပြီး ခြံစောင့်ဦးလေးကြီးမှာ ပါးစပ်တောင်မစေ့နိုင်
"ကျန့်လေး ဘယ်သွားမလို့လဲ သား
ရေးကြီးသုတ်ပြာနဲ့ပါ့လားကွယ်""ဟိုလေ ဝမ်ရိပေါ် barမှာမူးပြီးရန်ဖြစ်လို့ ကျွန်တော်သွားခေါ်ရမှာမလို့ ဦးလေး ကအိမ်ကိုခဏလောက်ကြည့်ပေးထားပါလား"
"အေးအေး သွားသွား သား အိမ်ကိုဦးလေးကြည့်ထားလိုက်မယ် ကားဖြေးဖြေးမောင်း"
YOU ARE READING
𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]
Fanficကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မသိမသာရော သိသိသာသာပါ ဝင်ရောက်တယ် [ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ] Zawgyi ကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မ...