Part 6

4.8K 247 5
                                    

I love marshmellow

💗💗💗💗💗💗💗💗💗

"ဝမ်ရိပေါ် မသင့်တော်တာမို့ ငါ့ကိုလွှတ်ပေးစေချင်တယ်"

"ကျွန်တော်ကတော့ လွှတ်မပေးချင်ဘူးလေ ခင်ဗျားရယ်"

ဝမ်ရိပေါ်ရဲ့နှာခေါင်းလုံးလုံးလေးက ရှောင်ကျန့်ရဲ့ပါးဖောင်းဖောင်းလေးတွေနစ်ဝင်သွားတဲ့ထိဖိကပ်ထားတုန်း

"ဝမ်ရိပေါ် တစ်ချို့အခြေအနေတွေကို ငါနားလည်တယ် မင်းဘာလို့ဒီလိုလုပ်နေတာလဲဆိုတာကိုလဲငါသိတယ် ဒီလိုနည်းနဲ့ မင်းဆီမှာပျော်ဝင်လာစေချင်တယ်ဆိုတာကိုလဲ သိတယ် ဒါပေမဲ့ဝမ်ရိပေါ် ငါ့ရဲ့ အရာအားလုံးကမင်းဆီမှာပျော်ဝင်ပြီးသားဖြစ်တဲ့အတွက် ငါ့မှာဒီထပ်ပိုပြီးပျော်ဝင်စရာမရှိတော့ဘူး"

ရိပေါ်ကခဏတော့ တွေတွေငေးငေးလေးဖြစ်သွားပေမယ့် ချက်ချင်းနဂိုပုံစံကိုပြန်ပြောင်းသွားတယ်

"ommငါသိတယ် ပျော်ဝင်စရာမရှိတော့တဲ့အထိ ထပ်ပျော်ဝင်ပေးပါ ငါကနွံတစ်ခုဆိုရင်တောင်မင်းကရုန်းထွက်ဖို့မကြိုးစားပါနဲ့လား ရှောင်ကျန့်ရယ်
ကြိုးစားရင်လဲ မလွတ်နိုင်ဘူးဆိုတာသိတယ်မလား"

ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့မေးရိုးတစ်လျှောက်ကို ဖွဖွလေးနမ်းရင်း အဲ့စကားကိုပြောတယ်

"ဝမ်ရိပေါ်ရယ် မင်းကအတ္တတစ်ကယ်ကြီးတာပဲ
ငါ့ကိုကျ လက်စားချေဖို့အတွက်နဲ့ မင်း ဆိုတဲ့ နွံမှာနစ်စေချင်တယ် မင်းကိုယ်တိုင်ကျတော့ ငါ ဆိုတဲ့ နွံ မှာမနစ်ချင်ဘူး မလား
ဒါမှာမဟုတ် မင်းငါ့ဆီမှာပျော်ဝင်မှာကိုကြောက်နေတာလား"

မျက်လုံးချင်းဆုံလို့မေးလိုက်တဲ့ ရှောင်ကျန့်ရဲ့စကားအဆုံးမှာတော့ ရိပေါ်ကပဲအားစေးမိသလို ဖြေစရာစကား အကုန်ပျောက်ပါတယ်

ဖြေစရာစကားမရှိတဲ့အဆုံးမှာတော့ရိပေါ်က မသိချင်ယောင်ဆောင်ဖို့ကိုပဲ ရွေးတယ်

"ရှောင်ကျန့်ရာ ခင်ဗျားကစကားများလိုက်တာ
ကိုယ်ရဲ့သခင်ကိုအဲ့လိုမျိုး ခနဲ့ စရာလားဗျာ
ကျွန်တော် ခင်ဗျားကို အပြစ်ပေးလိုက်လို့ရတယ်နော်"

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now