we can't hear it.
that is "happily ever after""ရှောင်ကျန့်!!!!!!!
ရှောင်ကျန့်!!!!!!""ဘာဖြစ်တာလဲ ဝမ်ရိပေါ်"
ဟင်းခတ်ဇွန်းလေးကို ကိုင်လို့ အခန်းထဲကို ကဗျာကရာပြေးဝင်လာတဲ့သူကို မြင်မှ ဝမ်ရိပေါ် ခမျာ သက်ပြင်းချနိုင်တော့တယ်
"ခင်ဗျား ပျောက်သွားပြီလားလို့ လန့်သွားတာကို
လာပါဦး ဒီနားကို"အိပ်ယာပေါ်ကနေလက်နှစ်ဖက်ဆန့်ခေါ်နေတဲ့ ရိပေါ်နားကိုသွားလိုက်တော့ ခါးကိုသိမ်းဖက်လို့ ဗိုက်သားချပ်ချပ်လေးပေါ်မှာ မျက်နှာအပ်ပြီး ပြန်အိပ်ပါသတဲ့
"ဟို ဟိုလေ ဝမ်ရိပေါ်က မထသေးဘူးလားဟင် "
"ဟင့်အင်း မထချင်ဘူး ထလိုက်ရင် ခင်ဗျားကို ဖက်ထားတာကနေ လွှတ်လိုက်ရမှာပေါ့"
နားထောင်လို့ ကောင်းပါတယ် ဝမ်ရိပေါ်
"ဟို ဒါပေမဲ့ ဟို ငါက မင်းအတွက် အမူးပြေ ဟင်းရည်လုပ်ပေးထားတယ်လေ"
"တစ်ကယ်လား
ခင်ဗျားက လိမ္မာလိုက်တာဗျာ ဆုပေးရမယ်"ဆုပေးရမယ်ဆိုပြီး မျက်နှာနားကပ်လာတဲ့ သူကြောင့် ရှောင်ကျန့်ကတော့ အောက်ထပ်ကို တစ်ကျိုးတည်းပြေးတော့တာပဲ
"ရှက်နေတဲ့ ခင်ဗျားက ချစ်ဖို့ကောင်းလွန်းတယ်"
.
.
.
.
.
.
.
.
.
.
.
.
မီးဖိုခန်းထဲမှာ အေပရွန်တောင်မပါပဲ ချက်ပြုတ်နေတဲ့ရှောင်ကျန့်ဆီ သွားလို့ဝမ်ရိပေါ်ကနောက်ကနေ တင်းနေအောင်ဖက်ထားလိုက်တယ်"ဘာတွေတောင် လုပ်နေတာလဲ ခင်ဗျားရယ်"
"ဝမ်ရိပေါ် အတွက် အမူးပြေဟင်းရည် နဲ့ ကင်မ်ချီ
ရပါပြီ""အား မွှေးနေတာပဲ
ရွတ် ခင်ဗျားက"ဝမ်ရိပေါ် က အဲ့ လိုလဲ လူလည် ကျတတ်ပါတယ်
"ommm
ခင်ဗျား လုပ်တဲ့ ကင်မ်ချီကလဲ စားလို့ကောင်းတယ်
ပြီးတော့ ခင်ဗျားကလဲ""ရော့ ဝမ်ရိပေါ် အမူးပြေ ဟင်းရည်သောက်ကြည့်"
"ခင်ဗျားရယ် ဇွတ်သောက်ခိုင်းနေတာပဲ"
"ဟို ငါက အေးသွားမှာဆိုးလို့ပါ"
မလိမ်တတ်လိုက်တာ ခင်ဗျားရယ်
ခင်ဗျား က မလိမ်တတ်တဲ့ အခါ ခင်ဗျားလိမ်ခံရမှာကိုတော့ကျွန်တော်စိုးမိပါရဲ့
YOU ARE READING
𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]
Fanfictionကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မသိမသာရော သိသိသာသာပါ ဝင်ရောက်တယ် [ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ] Zawgyi ကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မ...