Part 4

4.9K 277 10
                                    

I don't know love;
but I know you❤❤❤

ရိပေါ်companyကပြန်ရောက်တာနဲ့မနက်ကtulipအုပ်လိုက်ကြီးကအခုပွင့်ဖတ်တစ်ဖတ်တောင်မကျန်တော့ချေ
အိမ်တော်ကိုပြန်ရောက်တာနဲ့ ရိပေါ်ရဲ့မျက်လုံးတွေကလူတစ်ယောက်ကို စ ရှာဖွေတယ်

"ရှောင်ကျန့် ဘယ်ရောက်နေတာလဲ"

သူ့အမေးစကားအဆုံး

"ဝမ်ရိပေါ် ငါဒီမှာပါ လာပြီ လာပြီ"

ဇွတ် အိမ်ထဲကနေပြေးထွက်လာတဲ့သူက
ရိပေါ်ကိုတောင်ဝင်မတိုးမိရုံတမယ်

"ဖြည်းဖြည်းလာစမ်းပါ မင်းကိုမြင်လိုက်ရတာအမောဆို့သွားတာပဲ ဘာအလုပ်မှမလုပ်ပဲမအားနေတာ မင်းတစ်ယောက်ပဲရှိမယ် ကျစ် စိတ်ပျက်စရာ ငါ့ရှေ့ကဖယ်"

ရှောင်ကျန့်မှာ ရိပေါ်အခန်းသန့်ရှင်းရေးလုပ်နေရင်း ရိပေါ်အသံကြားလို့ပြေးလာမိတာကို
ရောက်ရောက်ချင်းပြောလိုက်တဲ့စကားက ရင်ဝကိုစောင့်ကန်လိုက်သလို
ပြီးတော့ တောင်းပန်ပါတယ် ကိုယ့်ဘက်ကိုပဲကြည့်မိလို့
ငါကမင်းကိုအမောဆို့စေပေမဲ့ မင်းကငါ့ရဲ့အမောပြေလေးလေ
မင်းကငါ့ကိုစိတ်ပျက်တယ်တဲ့လား ငါကတော့မင်းကိုမြင်ရင်ငါ့စိတ်တွေပိုယိုင်လာတယ်
ဒါပေမဲ့ ဒီနေ့မင်းရဲ့အခန်းထဲကစာအုပ်လေးတစ်အုပ်က ငါ့ကို အပြစ်တွေ ထပ်မကျူးလွန်မိဖို့အကြိမ်ကြိမ်တားနေတယ် ငါ့ပါးနဲ့မားရဲ့အပြစ်တွေကိုငါကပဲဆက်လက်ခံယူပါ့မယ်

💔💔💔💔💔💔💔💔💔

ရက်တွေကလဲတစ်ရက်ပြီးတစ်ရက်သာကုန်လာတယ်မင်းနဲ့ငါ့ကြားကအခြေအနေကတော့ သခင်နဲ့ကျွန် တရားလိုနဲ့ တရားခံ အပြစ်ပေးချင်သူနဲ့ အပြစ်ပေးခံချင်သူပေါ့
ရုတ်တရက်
ခြံရှေ့ကနေအိမ်ထဲကို ကားတစ်စီးအရှိန်နဲ့ဝင်လာတာကိုတွေ့လိုက်တယ်
ရှောင်ကျန့်အိမ်ရှေ့ကိုထွက်ဖို့ပြင်တော့ဧည့်ခန်းထဲကအကြည့်စူးစူးတွေပစ်လွှတ်နေတဲ့သူကြောင့်အပေါ်ကိုပြန်တက်လာခဲ့တယ်
ငါက ငါ့အလုပ်အရ ဘယ်သူလာလဲဆိုတာထွက်ကြည့်ပြီးဧည့်ဝတ်ကျေပေးဖို့ကြိုးစားရုံပါ မင်းရဲ့အတွေးထဲမှာငါက ဘယ်တော့မှကောင်းတဲ့နေရာတစ်ခုမရနိုင်ဘူးထင်ပါရဲ့

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now