You can hurt me;but I love it
"ဝမ်ရိပေါ် scuba divingအတွက် ဝတ်စုံသွားဝယ်ပေး"
"ဟုတ်ပြီ ခဏပဲစောင့်နော် ပေါင်ပေါင်းက"
A few minutes later,
"ဝမ်အစုတ်ပလုတ် ပြောတော့ခဏတဲ့
အား!!!
တအားကြာနေပြီ သည်းမခံနိုင်တော့ဘူး
ပြန်မယ် hotel ကို ကိုယ့်ဟာကိုယ်ပြန်တော့မယ်
ငါကတော့ scuba divingလုပ်ရင်း ခရုလေးတွေရှာပြီး one month anniversity supriseလုပ်မလို့ကို သူကတော့မေ့နေတဲ့အပြင် ငါ့အစီအစဉ်တွေပါလာဖျက်နေတယ် ဟွန့်"ရှောင်ကျန့်hotelပြန်ရောက်လာတော့ တစ်ခန်းလုံးက မီးတွေကလင်းနေပြီး တစ်ချို့ ပရိဘောဂတွေပါပိုနေတယ်
"အယ် တစ်ခန်းလုံးက ဘာလို့ မီးတွေလင်းနေတာလဲဟ
ငါသေချာမီးပိတ်သွားတာကို""သူခိုးဝင်သွားတာလား???
မဟုတ်သေးပါဘူး
ပရိဘောဂတွေကပိုတောင်နေတာကို
ရိပေါ်က ဝတ်စုံသွားမဝယ်ပဲ hotelပြန်လာတာများလား???""ဝမ်ရိပေါ်!!!"
"ပြန်ရောက်နေပြီလား!!!"
"မရောက်သေးဘူးနဲ့ တူတယ်
ဘာသံမှလဲမကြားရဘူး"ရှောင်ကျန့်လဲ ဘာသံမှမကြားတာနဲ့ အိပ်ခန်းထဲပဲ အနားယူဖို့ ဝင်သွားလိုက်တော့တယ်
အခန်းထဲကို ဝင်ဖို့ တံခါးကိုဖွင့်တဲ့အချိန်
ခေါင်းပေါ်ကို ဝဲကျလာတဲ့ နှင်းဆီပန်းပွင့်ဖတ်တွေ
ရှောင်ကျန့်အံ့ဩလို့မဆုံးသေးခင်မှာပဲ ရိပေါ်က တံခါးအကွယ်ကနေထွက်လာလို့ ရှောင်ကျန့်ကို ကောက်ပွေ့လိုက်တယ်"ရိ ရိပေါ် ဒါဘာလုပ်တာလဲ"
"ရှူး စကားမများနဲ့လေ ပေါင်ပေါင်း"
"လာ ကျွန်တော်ဝိုင်ငှဲ့ပေးမယ်"
ဝမ်ရိပေါ်က ရှောင်ကျန့်ကို ဆိုဖာပေါ်တင်ပေးပြီတာနဲ့ ရှေ့စားပွဲပေါ်က ဝိုင်နီကိုဖောက်ပြီး ဖန်ခွက်နှစ်ခွက်ထဲထည့်လိုက်တယ်
"ကော 1 month anniversity ပါ"
"ဝမ်ရိပေါ် က မှတ်မိတယ်လား
ငါက မင်းမေ့နေပြီ ထင်တာ""မေ့စရာလား ကျွန်တော်က ခင်ဗျားနဲ့ ပတ်သတ်တဲ့ အသေးစိတ်ကိုတောင်မှတ်မိပါတယ်"
YOU ARE READING
𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]
Fanfictionကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မသိမသာရော သိသိသာသာပါ ဝင်ရောက်တယ် [ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ] Zawgyi ကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မ...