Part 9

3.9K 196 18
                                    

We don't talk anymore

*-* *-* *-* *-* *-* *-* *-* *-* *-*

တိတ်ဆိတ်နေတဲ့ ညတစ်ညမှာ ဆူညံနေတဲ့ နှလုံးသားနှစ်ခု
ပိုင်ရှင်နှစ်ယောက်ကတော့တစ်ယောက်ရဲ့နှလုံးခုန်သံကိုနောက်တစ်ယောက်ကြားမှာစိုးတဲ့ အလား အသက်တောင်မျဉ်းမျဉ်းပဲ ရှူနေကြလေရဲ့

"ဝမ်ရိပေါ် ငါတစ်ခုလောက်တော့ ခွင့်တောင်းချင်တယ်"

"ပြောကြည့်လေ"

"ဟို မနက်ဖြန်နိုင်ငံခြားက သူငယ်ချင်းကိုသွားကြိုမို့ အဲ့တစ်ခုတော့ ခွင့်ပြုပေးပါ့လား
ငါ ငါ အပြစ်ခံဆိုလဲခံပါ့မယ် သူ့ကိုတော့ သွားကြိုပါရစေ"

"ရှောင်ကျန့် ပြန်ပြောစမ်း!!!!
အခု ခင်ဗျားက သူ့အတွက်နဲ့ အပြစ်ဒဏ်ခံမယ်လို့ပြောလိုက်တာလား ပြောစမ်းပါ ခင်ဗျား အ သွားပြီလား"

ပုခုံးကိုဆွဲလှုပ်လို့ မေးနေတဲ့ ဝမ်ရိပေါ် က မျက်ခမ်းသားတွေ တောင်ရဲလို့

"ခင်ဗျားရယ် ဘယ်လိုတောင်ပြောရက်တာလဲ
သူ့အတွက်နဲ့ ကျွန်တော်အပြစ်ပေးတာကိုတောင် ခံမယ်တဲ့လား
ရတယ်လေ
ခင်ဗျားတောင် အပြစ်ပေးခံနိုင်မှာတော့ ကျွန်တော်ကအပြစ်ပေးရုံပေါ့"

ဝမ်ရိပေါ်က ရှောင်ကျန့်ကို ပွေ့ချီလို့ နံရံမှာ ဖိကပ်ထားပြီးအနမ်းမမည်တဲ့ အနမ်းကိုဖန်တီးတယ်
ရှောင်ကျန့်ရဲ့ နှုတ်ခမ်းကိုကိုက်ဆွဲနေတာ ခွေးပေါက်လေးတစ်ကောင်လို မဟုတ်ဘဲ သားကောင်ကို အမဲဖြတ်တော့မယ် ကျားသစ်နက်တစ်ကောင်လိုမျိုး
ရှောင်ကျန့်ရဲ့ ပါးစပ်ထဲကငံကျိကျိအရသာက နှုတ်ခမ်းကသွေးလို့ထင်ပေမဲ့ ရှိုက်သံသဲ့သဲ့ ကြားပြီးတဲ့ နောက်မှာတော့ ဝမ်ရိပေါ်ရဲ့ မျက်ရည်တွေမှန်းသိလိုက်ရတဲ့ အခါ ရှောင်ကျန့် ဝမ်ရိပေါ်ကိုတွန်းလို့ လက်နှစ်ဖက်နဲ့ မျက်နှာကိုမော့ကြည့်ပါတယ်

"ဟို ဟိုလေ ဝမ်ရိပေါ် ဖြစ်နိုင်ရင် မငိုပါနဲ့လား
မင်းတစ်ခါငိုတိုင်း ငါ့နှလုံးသားတစ်ခါသေတယ်ဆိုတာ မင်းသိလား ငါအကြိမ်ကြိမ်မသေချင်ဘူး
အဲ့တာကြောင့်မငိုပါနဲ့"

ခင်ဗျားရယ် စိတ်တိုနေသမျှ ကျွန်တော့ဒေါသတွေက ခင်ဗျားရဲ့ စမ်းရေအေးအေးလို အသံလေးနဲ့ ချော့မြူတဲ့ စကားလုံးတွေမှာ မီးကိုရေနဲ့ငြိမ်းလိုက်သလို တစ်မုဟုတ်ချင်း ကွယ်ပျောက်ပါတယ်

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now