Extra 2

2.2K 90 2
                                    

My love is constant

တစ်ဖြေးဖြေးနဲ့ ဝမ်ရိပေါ်နဲ့ရှောင်ကျန့်တွေ့တာတောင်1နှစ်လောက်ရှိတော့မယ်
မနက်ဖြန်ဆိုရင် ရိပေါ်ရဲ့ ပါးနဲ့မားဆုံးတာ နှစ်နှစ်ပြည့်ပြီ
ဝမ်ရိပေါ်က ရှောင်ကျန့်ကိုလိုက်ခဲ့ဖို့ခေါ်ပေမဲ့ ရှောင်ကျန့်ကတော့မျက်နှာတောင်မပြရဲပါဘူး
ဝမ်ရိပေါ်က သူ့မိဘတွေရဲ့အတိတ်ဆိုးက ရှောင်ကျန့်နဲ့ မသက်ဆိုင်ကြောင်းပြောပေမဲ့
ရှောင်ကျန့်ကတော့ ကြောက်နေတုန်းပဲ
ရိပေါ် သူ့ကိုတစ်ချိန်ချိန်မှာ ပြန်ပြီး စိတ်ကွက်သွားမှာကို ကြောက်ပါတယ်

"ရှောင်ကျန့် ....
ကျန့်ကော.....
ကျွန်တော် အချစ်ရေ.....!!!!!"

"ဟင်...
ဘာ ဘာဖြစ်လို့လဲ ဝမ်ရိပေါ်"

"ကျွန်တော်ဒီလောက်ခေါ်နေတာတောင်မကြားဘူးဆိုတော့ ဘယ်ကောင့်အကြောင်းတွေးနေတာလဲ"

"ဝမ်ရိပေါ်
ငါဆိုတာ မင်းမရှိရင် သေလူ ဖြစ်ပြီ
အဲ့တာကြောင့် ငါ့စိတ် ငါ့ကိုယ် ငါ့နှလုံးသား ငါ့အတွေး အကုန်လုံးကမင်းပဲ စိုးမိုးလို့ရတယ်
ငါက ဘယ်သူအကြောင်းတွေးနိုင်ဦးမှာလဲ???"

"omm ခင်ဗျားမှန်တယ်
အမြဲ ကျွန်တော်ကပဲ ခင်ဗျားရဲ့ ပိုင်ရှင်ဖြစ်နေမှာ
သူများအကြောင်းတွေးမနေနဲ့"

"ဒါနဲ့ ငါ့ကိုဒီလောက်ခေါ်နေတာ ဘာဖြစ်လို့လဲဟင်"

"မနက်ဖြန် ကျွန်တော်တို့ ပါးနဲ့မားရဲ့ နှစ်နှစ် ပြည့်သွားကန်တော့ကြမယ်
ငြင်းဖို့မကြိုးစားနဲ့နော် ငြင်းခွင့်မရှိဘူး
ကျွန်တော့်မှာ ပါးနဲ့မား မရှိတော့တည်းက
ခင်ဗျားပဲ ရှိခဲ့တာလေ
ကျွန်တော်အားငယ်နေမဲ့ နေ့မျိုးမှာ ခင်ဗျားကမလိုက်ဘူးဆိုရင် ကျွန်တော်က ပိုအထီးကျန်တယ်လေ ခင်ဗျားရယ်"

"ဝမ်ရိပေါ် ငါမင်းရဲ့ပါးနဲ့မားကို မျက်နှာမပြရဲဘူး
ငါလိုက်လာရင် သူတို့စိတ်ဆိုးမယ်လို့ မင်းထင်လား"

"သူတို့ စိတ်ဆိုးမှာ မဟုတ်ပါဘူး
ခင်ဗျားရဲ့စိတ်ရင်းကို သူတို့ခံစားမိမှာပါ
ပြီးရင် ခင်ဗျားက ဘယ်လောက်ချစ်တတ်ပြီး သဘောကောင်းတယ်ဆိုတာလဲ ကျွန်တော်ကပြောပေးမယ်လေ"

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now