I like me better when I'm with youဒီနေ့ဆိုရင် ဝမ်ရိပေါ်နဲ့ ရှောင်ကျန့် အဆင်ပြေသလိုရှိလာတာ 5ရက်လောက်ရှိပြီ
"ဝမ်ရိပေါ် ဝမ်ရိပေါ်!!!!!!"
"ခင်ဗျားရယ် ဘာလို့ဇွတ်အော်နေတာလဲဗျာ"
"ဘယ်နှနာရီ ရှိပြီလဲကြည့်ပါဦး"
"ကျွန်တော် ညက နာရီ ချွတ်အိပ်တာ"
"ဝမ်ရိပေါ်!!!!
အခွက်လာပြောင်မနေနဲ့ ထတော့""အား!!!!!
ရှောင်ကျန့်ရား.......
ခင်ဗျား အရင်လို နူးနူးညံ့ညံ့လေးကိုမဟုတ်တော့ဘူး ကြောက်စရာကောင်းလာပြီ""ရတယ် ရတယ်လေ
ငါအိမ်ပေါ်က ဆင်းပြီ
လာမခေါ်နဲ့""ခင်ဗျားကလည်း စိတ်ကြီးပဲဗျာ
ထပါပြီ မိန်းမရေ""စောစောစီးစီး ထပ်မအော်ချင်ဘူး ဝမ်ရိပေါ်"
"မိန်းမ စိတ်တိုင်းကျပါပဲဗျာ
သွားပါပြီ ကျွန်တော့် ဧကရီလေး"ပြောင်စပ်စပ်မျက်နှာ နဲ့ ဝမ်ရိပေါ်က စတွေ့ခါစနဲ့တခြားစီ ဖြစ်နေသလို
ထစ်ခနဲဆို အော်ဟစ် စိတ်ဆိုးနေတဲ့ ရှောင်ကျန့်ကလည်း အရင် ခပ်အေးအေးပုံစံနဲ့ တမူကွဲနေလေရဲ့"ဝမ်ရိပေါ် ငါ အောက်ကပဲ စောင့်မယ်နော်!!!!!!"
ရှောင်ကျန့်အောက်ကို ဆင်းလာတော့ ဧည့်ခန်းထဲမှာ ထိုင်နေတာက မထင်မှတ်ထားတဲ့ သူတစ်ယောက်
"lilyကဒီကို ဘယ်လိုဖြစ်ပြီး..."
"Aww ရှောင်ကျန့်တောင်ဒီပြန်ရောက်နေပြီကို"
"ဟုတ်တယ် ဒါနဲ့ လာရင်းကိစ္စက"
"လာရင်းကိစ္စက....."
ရှောင်ကျန့် သေချာနားထောင်နေတုန်း ခေါင်းကိုအရှိန်နဲ့လာရိုက်တဲ့ ခပ်မာမာအရာတစ်ခုကြောင့်
မျက်လုံးတွေက စိတ်ဆန္ဒနဲ့ ဆန့်ကျင်လို့ မှေးစပြုနေပြီ
အားတင်းပြီး တောင့်ခံနေတဲ့ ရှောင်ကျန့်က
သူ့အတွက်ကြောင့်မဟုတ်ပဲ ဝမ်ရိပေါ်ကြောင့်ပါတဲ့လေ
ဒါပေမဲ့ နောက်ဆုံးမှာတော့ မျက်လုံးတွေကမမြင်ရတဲ့အထိပိတ်ကျလာပြီး ဦးနှောက်ကဗလာကျင်းနေပြီ ဒီတစ်ကြိမ်တော့ လေးလံနေတဲ့ မျက်လုံးတွေကိုပိတ်ကြည့်ချင်တယ်
အသိရော အမြင်ပါ အမှောင်ကျနေတဲ့အချိန်မှာတောင် ရှောင်ကျန့်ရဲ့ နှုတ်ဖျားက ဝမ်ရိပေါ် ဆိုတဲ့ အမည်နာမလေးကိုတော့ တိုးတိုးလေးခေါ်နေခဲ့တယ်
YOU ARE READING
𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]
Fanfictionကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မသိမသာရော သိသိသာသာပါ ဝင်ရောက်တယ် [ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ] Zawgyi ကိုယ့်ကိုမှအမုန်းကြီးမုန်းပါတယ် ဆိုတဲ့လူရဲ့ရင်ထဲကို အချစ်ကြီးချစ်တတ်တဲ့ကောင်လေးတစ်ယောက်က မ...