Final extra

4.2K 116 6
                                    

you can change your christmas wish

တစ်ဖြည်းဖြည်းနဲ့christmasရောက်ဖို့ရက်ကနီးလာခဲ့ပြီ

"ဝမ်ရိပေါ် ငါတို့christmasကျ ဘာလုပ်ရင်ကောင်းမလဲဟင်"

ရှောင်ကျန့်က ဇာတ်လမ်းကြည့်နေရင်း သူ့ပေါင်ပေါ်မှာ ခေါင်းအုံးနေတဲ့ ဝမ်ရိပေါ်ကိုမေးတယ်

"ကျနော့်အချစ်ကလည်းဗျာ
christmas ပါဆို christmas tree လေးတွေအလှဆင်မှာပေါ့
ပြီးရင် christmas မီးသီးတွေဝယ်မယ်
လက်ဆောင်ပေးမယ် ဇာတ်လမ်းကြည့်မယ်
ဆုတောင်းမယ်
အ့ဒါပဲလေ
ခင်ဗျားက ဘာတွေများလုပ်ချင်လို့လဲ???"

ဝမ်ရိပေါ်ရဲ့ပြီတီတီမျက်နှာပေးနဲ့စကားအဆုံး ရှောင်ကျန့်က ဝမ်ရိပေါ်ရဲ့ရင်ဘက်ပေါ်ကို တအုန်းအုန်းရိုက်တယ်
ဝမ်ရိပေါ်က ရှောင်ကျန့်ပေါင်ပေါ်ခေါင်းအုံးရာကနေ ရိုက်နေတဲ့လက်နှစ်ဖက်ကို စုချုပ်လိုက်တယ်
ပြီးတာနဲ့ လူကိုဆွဲချလို့ လှလှပပ အနမ်းတစ်ပွင့်ကိုဖန်တီးတယ်
ရှောင်ကျန့်ရဲ့မျက်နှာအစိတ်အပိုင်းတွေထဲမှာ ဝမ်ရိပေါ်က နှုတ်ခမ်းကို သဘောအကျဆုံးပဲ
နှုတ်ခမ်းပါးပါးလေးက ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းထူထူထဲမှာ နွေးနွေးထွေးထွေးရှိနေတယ်
ရှောင်ကျန့်က ဝမ်ရိပေါ်ကို တွန်းလို့ ရပ်တန့်ဖို့ကြံပေမဲ့ ဝမ်ရိပေါ် ဆွဲထားတဲ့အားကို တွန်းလှန်ဖို့ မဖြစ်နိုင်ဘူး
ဝမ်ရိပေါ်က အချိန်အတိုင်းအတာ တစ်ခုရောက်မှ
ရှောင်ကျန့်ရဲ့နှုတ်ခမ်းပါးတွေကို လွတ်မြောက်ခွင့်ပေးတယ်
ရှောင်ကျန့်ရဲ့နှုတ်ခမ်းပါးပါးလေးကတော့ ဝမ်ရိပေါ်လက်ချက်နဲ့ နီရဲဖူးနေပြီ
ဝမ်ရိပေါ်က နောက်တစ်ကြိမ်ထပ်နမ်းဖို့ကြံပေမယ့်ရှောင်ကျန့်က လက်သေးသေးလေးတွေနဲ့ရအောင်တွန်းထားတယ်

"နေပါဦး ဝမ်ရိပေါ်ရာ
ဘယ်လိုဖြစ်နေတာလဲ"

"ဘယ်လိုဖြစ်နေလဲဆိုတာ လက်တွေ့ပြမှသိမှာပေါ့ မဟုတ်ဘူးလား"

"ဝမ်ရိပေါ် ငါစကားအကောင်းပြောနေတာနော်"

"ကျနော်လဲ စကားအကောင်းပြောနေတာကို
ခင်ဗျားကလဲ"

"ကဲပါ ဝမ်ရိပေါ်ရယ် ခဏလေးပါ နှုတ်ခမ်းဆူမနေပါနဲ့ ငါပြောတာလေးနားထောင်ပါဦး
ပြီးမှဆက်နမ်း ဟုတ်ပြီလား
ငါတို့လေ ဒီနေ့ညနေဈေးဝယ်ထွက်ကြမလားလို့
ငါ အနီလေးဝတ်ချင်လို့ အနီကသိပ်မရှိလို့
ငါကအနီဝတ်မယ် မင်းကအစိမ်းလေးဝတ်လေ"

🎉 You've finished reading 𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ] 🎉
𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now