Dancing with Daisy
( ဟေး.. )
သူ တခါမှမမြင်ဖူးသောဖုန်းနံပါတ်တခုဖြင့် ပေးပို့လာ
သည့် message ပင်။ ထမင်းစားရေသောက်လို ကြုံ
ဖူးနေကျ ကိစ္စမို့.. Seungri ဖုန်းကို ဆိုဖာပေါ် ပစ်တင်
ကာ တင်းမာနေသည့်နားထင်ကြောတွေကို လက်ဖြင့်
ဖိရင်း ကိုယ့်ဘာသာကို နှိပ်နယ်နေရသည်။တော်တော် ပင်ပန်းရတဲ့နေ့တနေ့ပဲ..
ညစာမစားခင်.. ခဏတဖြုတ်ဖြစ်ဖြစ် အနားယူလိုက်
ဖို့ စဉ်းစားမိပေမယ့် ဂျပန်ကအသိရှယ်ယာရှင်များနှင့်
ဖက်စပ်စာချုပ်တခုအား လက်စသတ်စရာ ကျန်သေး
တာကို သတိရသွားသည်။ဟူး.. မနားနဲ့ဦးပေါ့ Richard ရေ..
လေးပင်မနေမိအောင် ချက်ချင်း ဆိုဖာပေါ်က ထပြီး
အလုပ်စားပွဲပေါ်ထိုင်ချလိုက်တဲ့အခါ.. သူ့စိတ်ထဲမှာ
နဂို လန်းလန်းဆန်းဆန်း ကြည်ကြည်လင်လင်။အလုပ်လုပ်ဖို့ရာ အဲဗားတက်ကြွနေရသည်မှာလည်း
ဝဋ်ပဲထင်ပါရဲ့။ ဒါကြောင့်မို့ သူ့ကို သူ့ဝန်ထမ်းတွေက
အလုပ်သရဲလို့ ခေါ်ကြတာဖြစ်လိမ့်မယ်။စာချုပ်ပါအချက်အလက်များကို သေချာအောင်
စေ့စေ့စပ်စပ် စစ်ဆေးပြီးတဲ့အချိန်က ည ၉ နာရီ။ သူ
ညစာစားချိန် နောက်ကျပြန်ပြီ။ ဒီအချိန်မှတော့ ချက်
ချင် ပြုတ်ချင်စိတ်လည်း မရှိတော့ပေ။ တခုခု မှာစား
ဖို့ ဖုန်းကိုကောက်ကိုင်လိုက်တဲ့အခါ..ဖွင့်မဖတ်ရသေးတဲ့ message ပေါင်း ၃၅ စောင်။
ခုနက ပို့တဲ့ ဖုန်းနံပါတ်တခုတည်းဆီက..ဘယ်က အားယားနေတဲ့ဟာလဲ..
( ဘာလို့ စာမပြန်တာလဲ.. မောင် )
Seungri တယောက် တအံ့တဩ ဖြစ်သွားရသည်။
သူ့ထက်ပိုငယ်တာလေးတွေကိုမှ ကြွေတတ် အီတတ်
တဲ့ သူ့အဖို့ မောင် ဆိုတဲ့နာမ်စားက မရင်းနှီးဘူးလေ။
အသက်ကြီးတဲ့မိန်းမတွေနဲ့လည်း သူ မပတ်သတ်မိခဲ့
တာ သူပဲသိတယ်။( မောင်က ငါ့ကို မသိပေမယ့်.. ငါကတော့ မောင့်ကို
သိတယ်.. စာပြန်ပါဦး )ထပ်ပြီး ဒီလိုအကွက်တွေပဲလား..
နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တယောက်ကို မသိ
မှသာ ပိုထူးဆန်းတာမဟုတ်လား။ Richard Lee ဆို
တဲ့ ဂုဏ်သတင်းစကားတွေက မကြားချင်မှအဆုံးကို
စလာကတည်းက ဖန်တရာတေစကားတွေ။