Seungri တယောက် မှန်ကို အခါခါ ပြန်ကြည့်နေရင်း
သူ ၀တ်ထားသည့် လိမ္မော်ရောင် ရှပ်လက်တိုနှင့် ဂျင်း
ဘောင်းဘီဒူးဖုံးကို ခဏခဏ နေရာကျအောင် ဆွဲပြင်
နေမိတော့သည်။အလုပ်နဲ့ နပန်းလုံးနေခဲ့သော သူ့အဖို့ အမြဲတမ်းလိုလို
အနောက်တိုင်းဝတ်စုံပြည့်၊ smart ကျကျ ပုံစံနှင့်သာ
နေခဲ့ရသည်မို့ ဒီလိုမျိုးလူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး
အပြင်အဆင်ကို သိပ်အသားမကျတော့ပေ။သူ ဂွမ်ဂျူးကိုရောက်နေတုန်း တိုက်တိုက်ဆိုင်ဆိုင်..
ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်၊ ဒီနှစ်တော့ ရ
အောင် လာခဲ့ ဆိုပြီး ငယ်သူငယ်ချင်းတွေက သူ့ကို
လှမ်းဆက်သွယ်လာတာလေ။ သူလည်း ကျောင်းက
ငယ်သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တာကလည်းကြာ၊
စိတ်ပြေလက်ပျောက်အဖြစ် ရှေးဟောင်းနှောင်းဖြစ်
လေးတွေလည်း ပြန်ပြောရင်း တခွက်တဖလားသွား
သောက်ဖို့ ဆုံးဖြတ်ထားတာပေါ့။ဆံပင်လိမ်းဖို့ gel ယူပြီးကာမှ နဖူးပေါ် ဝဲကျနေတဲ့
ပုံစံက ၀တ်ထားတဲ့အ၀တ်အစားနဲ့ လိုက်သလိုလို ဖြစ်
နေတာမို့ မလိမ်းဖြစ်တော့ပဲ ဒီအတိုင်း ထွက်လာခဲ့ပြီး
မှ အရင်နဲ့မတူတဲ့ သူ့ပုံစံကို မလုံမလဲဖြစ်စွာ ကားမှန်
ကို ခဏခဏ ကြည့်နေမိပြန်တယ်။သူရောက်သွားတော့ ဆိုင်ထဲမှာ ရင်းနှီးသည့် မျက်နှာ
များ စုံစုံစိစိရှိနေပြီ။ တချို့ကလည်း သူ့ကို နာမည်
အတိုင်း Seungri ဟု ခေါ်ကြသလို၊ တချို့ကတော့
မစ္စတာ Richard ဟုသာ တလေးတစား ခေါ်ဝေါ်ပြီး
သူနဲ့ ရင်းနှီးမှုရဖို့အတွက် ကြိုးစားကြတယ်။တစ်တန်းတည်းနေ သူငယ်ချင်းတွေနဲ့ ငယ်ငယ်က
အကြောင်းတွေ စားမြုံပြန်ကြ၊ ရယ်ကြ မောကြနဲ့မို့
Seungri တစ်ယောက် အတော်လေး စိတ်ကြည်လင်
နေတုန်း.." မောင်.. ငါ နည်းနည်းနောက်ကျသွားတယ်.."
နောက်ကျောဘက်ဆီက မစိမ်းသက်တော့တဲ့ အသံ
ကြောင့် Seungri ကျောပြင်ဟာ မတ်ခနဲ။ သူနဲ့အတူ
ထိုင်နေတဲ့ သူငယ်ချင်းတွေရဲ့မျက်လုံးတွေဟာလည်း
သူ့နောက်မှာ ရပ်နေတဲ့ တစုံတယောက်ဆီမှာ။ကျစ်... ဒီလူကွာ..
ချက်ချင်းပဲ သူ့မျက်နှာ ကွက်ခနဲ ပျက်သွားတာကိုပင်
မထိန်းလိုက်တော့။