သူ့အော်သံကြောင့် Kwon Jiyong က မျက်လုံးဖွင့်ကြည့်လာလေသည်။ ထိုအကြည့်ထဲတွင် သူ့အား
နည်းနည်းလေးမှတောင် အဖက်မလုပ်လိုသည့်ပုံနှင့်
မှေးကြည့်လာရင်း.." စောစောစီးစီး ဘာလဲ မောင်ရာ.."
အိပ်ချင်မူးတူး ထိုအသံက Seungri အား စိတ်မတို
တိုအောင် တမင်ဆွနေသလိုပင်။ ညက လူမှန်းသူမှန်း
မသိအောင် မူးခဲ့မိပြီး ဒီလူနဲ့ အိပ်မိသွားသလားဟု
တွေးနေသော Seungri ၏ အတွေးမှာ ဒေါသအဖြစ်
သို့ ကူးပြောင်းသွားရာ.." ခင်ဗျား ဒါ ဘာလုပ်တာလဲ.."
ပြောပြောဆိုဆိုဖြင့် Kwon Jiyong အား ကုတင်ပေါ်
မှ တရွတ်တိုက် ဆွဲချလိုက်လေတော့သည်။ သို့သော်
ကုတင်အောက်ကို ရောက်ရောက်ခြင်းJiyong က
Seungri အား ကုတင်ပေါ်သို့ ပြန်တွန်းပစ်လိုက်သည်
မို့ Seungri ခမျာ သူ့အားနှင့် သူ လဲကျသွားရသည်။ပို့လို့ပက်လက် လဲကျနေသော Seungri အပေါ်သို့
Jiyong က ခုန်တက်လာပြီး ပေါင်နှစ်ဖက်ကို တက်ဖိ
ထားကာ Seungri မေးစေ့အား လက်ဖြင့် ချုပ်ကိုင်
ရင်း မေးလိုက်သည်။" မောင် ဘာဖြစ်နေတာလဲ.. အကြမ်းပတမ်းနဲ့.."
" ခင်ဗျားကမှ ဘာဖြစ်နေတာလဲ.. သူများအခန်းထဲ
လက်လွယ်စပယ် ၀င်အိပ်နေတာ.."မူးမနေတော့သော Seungri သည် ရုန်းရင်းကန်ရင်း
ဒီတစ်ခါတော့ Jiyong လက်ထဲမှ လွတ်ထွက်သွား
ပြီးနောက် ရှူးရှူးရှားရှား ဒေါသများဖြင့် မျက်နှာပြင်
တစ်ခုလုံး နီရဲနေလေသည်။" ခင်ဗျား စောက်ရှက်မရှိဘူးလား.. တစ်ဖက်လူက
သဘောမကျဘူး မလိုချင်ပါဘူးဆိုတာကို အတင်း
ကာရော လိုက်ပတ်သတ်နေတာကြီးက စည်းကျော်
နေတယ်လို့ မခံစားမိဘူးလား.."" မင်းကိုယ်တိုင် ငါ့ကို ဘုရားကျောင်းထဲ အတင်းဆွဲ
ခေါ်.. အတင်းလက်ထပ်.. အတင်းလက်ထပ်စာချုပ်
မှာ လတ်မှတ်ထိုးခိုင်းလို့ မင်းက ငါ့ယောကျာ်းဖြစ်နေ
ရတာလေ.. ဘယ်စည်းကိုများ ငါက ကျော်မိလို့တုန်း
ပြောပါအုံး.."မထီမဲ့မြင်ဟန်နဲ့ ခနဲ့တဲ့တဲ့ ပြုံးပြနေတဲ့ ဒီလူ့ဂွစာကို
Seungri အသေရိုက်သတ်ပစ်ချင်လာတော့သည်။
အားလုံးကို သူ့အပိုင်လို့ တွက်ချက်ပြီး လုပ်ချင်တာ
လုပ်နေသလို ပုံစံမျိုးတွေကို နည်းနည်းလေးမှ ကြည့်
လို့ မရပေ။