Dancing with Daisy
Part 14Seungri ကိုယ့်ကိုယ်ကို ထိန်းနေသည့်ကြားမှပင်
ထို Kwon Jiyong နှင့် Lee Soohyuk တို့အကြောင်း
တစွန်းတစ စုံစမ်းမိတော့သည်။လွန်ခဲ့တဲ့ ၁၀ နှစ် Lee Soohyuk တစ်ယောက်
မော်ဒယ်လ်လောကထဲ ဝင်လာစဉ်ကတည်းက
Kwon Jiyong ပိုင်တဲ့ Entertainment ကုမ္ပဏီအခွဲ
တစ်ခုမှာ debut ခဲ့တာတဲ့။ တစ်နှစ်တည်းမွေးကြတဲ့
same batch သူငယ်ချင်းတွေတဲ့။ အခုဆိုရင် အဲ့
ကုမ္ပဏီက Lee Soohyuk ရှယ်ယာအများဆုံး ပိုင်ထား
တာဖြစ်ပြီး ကိုယ်တိုင်တောင် စီမံခန့်ခွဲနေပြီတဲ့။ဒါဆို သူတို့ပတ်သတ်မှုက ကြာပြီပဲ။ သံယောဇဉ်တွေ
တွယ်ပြီး ပတ်သတ်မှုက မရိုးရှင်းဘူးဆိုရင်လည်း ဖြစ်
နိုင်တာပဲလေ။ဒါဆို ငါကရော.. ငါ့ကို ဘာကိစ္စ လာရှုပ်နေတာလဲ ဒင်း..
တွေးနေတုန်း တစ်ဖက်အဆောက်အအုံက မှန်ပြတင်း
ပေါက်နားမှာ နေရောင်အလင်းပြန်မှုကြောင့်
တလက်လက်ဖြစ်သွားတာကို Seungri စိတ်ရှုပ်ရှုပ်ဖြင့်
လှမ်းကြည့်လိုက်ကာ တိတ်တိတ်လေး ဆဲလိုက်မိတယ်။ချီး.. ဒီလူ.. Kwon Jiyong လုပ်ပြန်ပြီ
သုံးလေးရက် ရှိပြီ။ မက်ဆေ့ချ်ပို့မလာ၊ လူရောက်မလာ
လို့ လက်လျော့သွားပြီ ထင်နေခဲ့တာကို အခု ကြည့်ဦး
အာရုံလာနောက်နေတယ်။ဟော.. မှန်ပြောင်းကို ဘယ်ညာယမ်းပြနေသေးတာ..
သူ့ဘာသာသူ သက်ဆိုင်တဲ့လူ ရှိပြီးသားကို ငါ့လာပြီး
ရမလားလို့ သွေးတိုးလာစမ်းတဲ့ ကျက်သတုံး...ထိုတလက်လက်ဖြစ်နေသော မှန်ပြောင်းနောက်ကွယ်က
အညိုရောင်မျက်လုံးတွေကို မြင်ယောင်ရင်း Seungri
နဂိုစိတ်ရှုပ်ရင်းထက် ပိုစိတ်ရှုပ်လာကာ ဒေါသတွေ
တလိပ်လိပ် ထွက်လာလေပြီ။ ရမလားလို့ ကျောရရုံ
လာကြံတဲ့ အကွက်မျိုးတွေဆို အင်မတန် စက်ဆုပ်ရွံရှာ
ရပါသည်။တကယ်လို့ သူသာ စိတ်ပျော့ပြီး ပါသွားမိရင် အခုချိန်
ကွယ်ရာမှာ ဟားတိုက်ခံနေရမှာ သေချာသလောက်ပဲ။ကိုယ့်မှာ လင်ရှိပြီးသားကို ဘာကိစ္စ ငါ့ကို လင်ထပ်တော်
နေတာလဲ.. ငါက လင်ငယ်လား.. ဒီမအေ&$@