10

176 22 3
                                    

Seungri တယောက် Jiyong ကမ်းပေးနေသည့်
အသားဟင်းပန်းကန်ကို ကြောင်ကြည့်နေမိရင်း အခု
အဖြစ်အပျက်တွေကို မယုံနိုင်အောင် ဖြစ်နေရသည်။

ထမင်းစားပွဲမှာ ထိုင်လိုက်တဲ့အထိ သူ့အတွေးထဲမှာ
သူ့အမေပြောတဲ့စကားတွေ ဝဲလည်ခတ်နေဆဲပဲ။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက Kwon Jiyong က
သူ့အဖေနဲ့ဂေါက်ရိုက်ရင်း ခင်ခဲ့သတဲ့။ အဲ့နေ့ကစလို့
အဖေနဲ့အမြဲလိုလို ဂေါက်အတူတူသွားရိုက်ကြရင်းနဲ့
အခုလို အိမ်အ၀င်အထွက်ရှိနေတာတဲ့လေ။

သူ မှတ်မိသလောက် Kwon Jiyong က မကြာခင်
ကမှ ပဲရစ်ကနေ ကိုရီးယားကို ပြန်လာပြီး GRi Ent
ထောင်ခဲ့တာမလား။ ဘယ်လိုကနေ ဘယ်လိုလုပ် သူ့
အဖေတို့နဲ့ ဆုံဖြစ်ခဲ့ကြတာလဲ။ ဆိုးလ်တောင် မဟုတ်
ပဲ ဂွမ်ဂျူးထိ။

" မင်းက ၀က်အသားပြားချက် ကြိုက်တယ်ဆို.."

အံ့ဩမှင်သက်ဟန်မပျောက်သေးတဲ့ Seungri အား
Jiyong က ဟင်းပန်းကန်ကို ပိုရှေ့တိုးရင်း မေးလိုက်
သည်။

" အမေက မင်း ကြိုက်တဲ့ဟင်းတွေချည်း ချက်ထား
တာ.."

နှစ်ယောက်သားအကြည့်ဆုံတဲ့အခါ Kwon Jiyong
က လုံး၀အိမ်နီးနားချင်းကောင်းတယောက်လိုမျိုးပုံစံ
နဲ့ အေးအေးသက်သာရှိနေတဲ့ အပြုံးတခုသာရှိတယ်။
သာမန် တီရှပ်လက်တို၊ ဘောင်းဘီအရှည်ခပ်ပွပွဖြင့်
လွတ်လပ်ပေါ့ပါးနေကာ မဟော်ဂနီရောင် ဆံနွယ်များ
ဟာလည်း ပုံသွင်းထားခြင်းမရှိပဲ နဖူးပေါ်သို့ ဝဲကျနေ
တာမို့ ကုမ္ပဏီပိုင်ရှင်တယောက်နဲ့‌တောင် တူမနေဘူး။

သူ့မိဘတွေနဲ့ ခင်မင်တာကရော တိုက်ဆိုင်မှု ဟုတ်ပါ့
မလား.. တမင်အကွက်ချ ကြံစည်ထားတာ‌ဖြစ်ရမယ်

" Seungri.. ယူလိုက်လေ.. ဒီကောင်လေးကတော့..
ခုနကတည်းက ကြောင်တောင်တောင်နဲ့.."

သူ့အမေ လောဆော်လိုက်တဲ့အသံကြောင့် Seungri
တယောက် မနေသာတော့ပဲ ဟင်းပန်ကန်ကို လှမ်းယူ
လိုက်ရတယ်။

" Seungri က ကျွန်တော့်ကိုမြင်လို့ အံ့ဩသွားတာပါ
ကျွန်တော်တို့ အရင်က ဆုံဖူးတယ်လေ.."

Kwon Jiyong စပြောလိုက်တဲ့အချိန်မှာ သူ့ရင်တွေ
တဒိန်းဒိန်း တုန်ခါသွားတယ်။

Dancing with DaisyWhere stories live. Discover now